အမှန်​တရားရဲ့ ဘက်​တော်​သား (၂၉)

2.7K 507 15
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၂၉)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျင့်​ယွီချီကို မှတ်​လောက်​သားလောက်​အောင်​ ရိုက်​နှက်​ပြီးတဲ့အခါမှာတေ့ မင်​ရှု ဘာမှ ပြောမနေတော့ဘဲ ပြုံးနေကျ စံထားလောက်​တဲ့ အပြုံးလေးပြုံးပြီး ထွက်​သွားတော့လေတယ်​။ မသိရင်​ သူ ကျင့်​ယွီချီကို အနိုင်​ကျင့်​ပြီး ထွက်​လာတာ မဟုတ်​တဲ့အတိုင်းပဲ။

ကျင့်​ယွီချီကတော့ မှောက်​လျက်​သား။ မင်​ရှု ပုံရိပ်​ အမှောင်​ထဲကနေ ပျောက်​ကွယ်​သွားတာကို တွေ့တော့ သူ့မျက်​ဝန်းထဲက အမုန်းတရားဟာ မီးတောက်​မီးလျံတွေလို အစွယ်​ထကျန်​ခဲ့တယ်​။

"လုမုန်း... ငါ နင့်​ကို သတ်​မယ်​..." ဘာလို့လဲ၊ သူ့ကျမှ ဒါတွေအားလုံးခံစားရတာ ဘာကြောင့်​လဲ။ သူက ဘဝမှာ အောင်​နိုင်​သူ ဖြစ်​သင့်​တာလေ။

ကျင့်​ယွီချီ အဲ့ဒီမှာ အကြာကြီး လှဲနေပြီးမှ မနည်း အလူးအလဲ ထလာနိုင်​ခဲ့တယ်​။ သူ ကျင်းဖူ စားသောက်​ဆိုင်​ တံခါးပေါက်​ဝထိ လျှောက်​သွားပြီး တံခါးကို မှီထားရတယ်​။ သူ့အတွက်​ ရဲစခန်းဖုန်းဆက်​ပေးနိုင်​မယ့်​ တစ်​စုံတစ်​ယောက်​များရှိလေမလားလို့ ရှာနေတုန်းမှာပဲ ရှန်းကွမ်းဖုန်း ကောင်​မလေးတစ်​ယောက်​နဲ့ ကားပေါ်တက်​သွားတာကို တွေ့လိုက်​ရတော့တယ်​။

ရှန်းကွမ်းဖုန်း...

သူ ကိုက်​ခဲနာကျင်​နေတဲ့ ခန္ဓာကိုယ်​ကို လျစ်​လျူရှုပြီး အရှက်​တွေ သိက္ခာတွေလည်း ငဲ့ကွက်​မနေဘဲ ကောင်​မလေးကို တွန်းထုတ်​ဖို့ ပြေးသွားလိုက်​တယ်​။ သူ မေးခွန်းထုတ်​တယ်​။ "ရှန်းကွမ်းဖုန်း ဒါ ဘယ်​သူလဲ... နင်​ ဘာလို့ သူနဲ့ အတူတူ ရှိနေတာလဲ... နင်​ ဒါ ဘယ်​သွားပြီး ဘာလုပ်​မလို့လဲ..."

ကောင်​မလေးလည်း ထိတ်​လန့်​သွားပြီး ရှန်းကွမ်းဖုန်း ကျောနောက်​မှာ ဝင်​ပုန်းကာ ညုတုတုလေသံလေးနဲ့ မေးလေတယ်​။ "ဖုန်း... အဲ့ဒါ ဘယ်​သူလဲဟင်​... ရိုင်းလိုက်​တာ၊ တို့ကြောက်​လာပြီ" 

ရှန့်​ကွမ်းဖုန်းက ကောင်​မလေးကို ရင်​ခွင်​ထဲထည့်​ ကာကွယ်​ထားပြီး ကျင့်​ယွီချီ ဖရိုဖရဲဖြစ်​နေတဲ့ပုံကို နှာခေါင်းရှုံ့ပြီး ကြည့်​လိုက်​တယ်​။ "ဒါ မင်း ကိစ္စ မဟုတ်​ဘူး..."

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now