Healing Love (1)

7.5K 439 5
                                    

Healing Love 🍁

Part-1

မိုးရွာပြီးကာစ အချိန်လေးမို့ လမ်းတစ်လျှောက်က စိုစွတ်နေဆဲ.... တံစက်မြိတ်က ကျတဲ့ ရေစက်တို့ရဲ့  တဖျောက်ဖျောက် အသံသာ လွှမ်းမိုးနေတယ်။ ည ၁၁ နာရီအချိန်ဟာ ဒီလိုပဲ တိတ်ဆိတ်နေတတ်သလား Baekhyun မသိပါ။ Baekhyun က ဒီမြို့ကို ပြောင်းလာတာ မကြာသေးတဲ့ သာမန် တက္ကသိုလ် ကျောင်းသားေလးတစ်ယောက်ပဲ။

တစ်ခါမှမလာဖြစ်ခဲ့တဲ့ ဆိုးလ်မြို့ဟာ ထင်တာထက် ရှုပ်ထွေးလွန်းတယ်။ ဘူချွန်းမှာ မွေးပြီး ဘူချွန်းမှာ ကြီးပြင်းလာခဲ့ပေမယ့် တစ်နည်း ဆိုးလ်နဲ့ ဘူချွန်းရဲ့  အကွာအဝေးဟာ ဘာမှမပြောပလောက်ပေမယ့် ဆိုးလ်အထိ တကူးတက မလာဖြစ်ခဲ့ပါ။ အခုတော့ အမှတ်ကောင်းမှ ဝင်ခွင့်ရတဲ့ တက္ကသိုလ်ကြောင့် ကျောင်းနဲ့နီးရာ ဆိုးလ်မြို့က ရပ်ကွက်တစ်ခုကို ပြောင်းလာခဲ့ရတယ်။ စာကြိုးစားခဲ့မိတာတောင် နောင်တရသလိုလို ......

ဒီလို နေရာစိမ်း လူစိမ်းတွေကြားက စိမ်းသက်သက် ခံစားချက်ကို Baekhyun မနှစ်မြို့တတ်။

အချိန်ပိုင်းအလုပ်ကနေ အိမ်သို့ ပြန်ရာ လမ်းတစ်လျှောက်က တိုက်ခန်းဝန်းတွေချည်း တည်ရှိရာ လမ်းမတန်းပဲ။ ပလက်ဖောင်းဘေးမှာ ညအိပ် ရပ်ထားတဲ့ ကားတွေလည်း ရှိသလို အကွာအဝေး ညီညီညာညာနဲ့ အလင်းပေးနေတဲ့ ဓါတ်တိုင်တွေလည်း ရှိတယ်။ နောက်ပြီး တိုက်ခန်းတွေရဲ့ အရှေ့က smoking area ဆိုတဲ့ နားမှာ ဆေးလိပ်သောက်နေသူ တစ်ဦးလည်း ရှိတယ်။

ခပ်လှမ်းလှမ်းကတည်းက မြင်နိုင်တဲ့အထိ အဖြူရောင် shirt လက်တိုဝတ်ထားတဲ့ သူဟာ စီးကရက်ဖြူဖြူကို လက်ညိုးနဲ့ လက်ခလယ်ကြား ညှပ်ထားသေးတာ.... သူ့မျက်နှာဟာလည်း အပေါ်ကို မော့ကြည့်နေသေးတာ.... မဆီမဆိုင် သူ့ကို မြင်မိတဲ့ ကျွန်တော်ကလည်း စိတ်ထဲ လေးလံသွားသေးတာ။

မဆိုင်လည်းမဆိုင်သလို သိလည်း မသိတဲ့ ထိုလူက ဘာကြောင့်များ စိတ်ကို လေးလံစေရသလဲ ?

အိမ်ရောက်တာနဲ့ ကျောပိုးအိတ်ကိုချ အဝတ်အစားလဲ ခြေလက်သန့်စင်ပြီး အိပ်ယာထဲ ထိုးအိပ်တတ်တာ အကျင့်ဖြစ်နေခဲ့ပြီ။ တစ်ပတ်မှာ ၅ရက်ပဲ လုပ်တဲ့ အချိန်ပိုင်းအလုပ်ပေမယ့် တစ်ရက်ဆို ဆိုသလောက် ပင်ပန်းပါတယ် ။ စားသောက်ဆိုင်ဆိုတာ လူပေါင်းစုံ ဝင်ထွက်နေတာမဟုတ်လား။ စိတ်လေးနေတာမျိုးကို မကြိုက်တဲ့သူမို့ ဘာမှမစဥ်းစားပဲ အိပ်ပစ်လိုက်ဖို့တွေးကာ မီးပိတ် မျက်စိမှိတ်လိုက်ပါတယ်။

Healing LoveWhere stories live. Discover now