Healing Love (29)

2.1K 415 69
                                    

Healing Love 🍁

Part-29

" အဲဒီနေ့က မိတ်ဆုံစားပွဲ တစ်ခုကို သွားရတယ် ... မိတ်ဖြစ်ဆွေဖြစ် ဆုံတာဆိုပေမယ့် တစ်ဖက်က အမျိုးသမီးက သိသိသာသာ ကပ်နေတာ သတိထားမိပြီး အိမ်ပြန်လာခဲ့တာ , သူမက ကြိုတင် ဆေးခတ်ထားတာလည်း မသိခဲ့ဘူး "

Chanyeol ရော လေးလေးပါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်​မိသည်။ ဥက္ကဋ္ဌလည်းဖြစ်သလို ပိုင်ဆိုင်မှုများတဲ့ မုဆိုးဖိုအား အပိုင်ကြံချင်တဲ့သူ များမှန်း တွေးထားမိပေမယ့် ဆေးခတ်ရလောက်တဲ့အထိတော့ မထင်ထားခဲ့မိကြဘူး။

" ငါ့ကို ဆေးခတ်ပြီး သူမက ငါ့ကားနောက်ကနေ ကပ်လိုက်လာတာ... အတွင်းရေးမှူးဂင်မ် က သိလို့ အချိန်မှီတားခဲ့လိုက်နိုင်တယ် ... ဒါပေမယ့်~~~"

ဆိုကာ Chanyeol ကို ကြည့်ပြီး ရပ်သွား၏။ ထိုအခါ Chanyeol ကပဲ...

" ဆက်ပြော "

" သားနဲ့ တွေ့ဖို့ဆိုပြီး ဆိုဟီး ရောက်လာတယ် .... အဖေ..အဖေ စိတ်မထိန်းနိုင်ခဲ့ဘူး "

" ဒါဆို မင်ဆိုဟီးက အလိုမတူဘဲ အစော်ကားခံရတာပေါ့ "
လေး​လေးက စကားဝင်ဆက်၏။

" အစကတော့ သူ ရုန်းတယ် ... သား ပြန်လာတော့မှာမို့ ~~ မလုပ်ဖို့ "

" ဒါပေမယ့်~~~ နောက်ပိုင်း သူ အလိုတူခဲ့တယ် "

ဒါဆို Chanyeol မြင်ခဲ့တဲ့ သူမ အလိုတူတယ်ဆိုတာ မမှားပါ။ အစပိုင်းတော့ ရုန်းကန်ခဲ့ပေမယ့်...ဟက် ! ဒါကလည်း ကိုယ် ပြန်လာမှာစိုးလို့ ရုန်းတာတဲ့လား !! အဲ့ဒီမြင်ကွင်းကို တွေ့ပြီးတာနဲ့ Chanyeol က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ အိမ်ပေါ်က ဆင်းလာကာ ယခု တိုက်ခန်း​မှာ သောင်တင်နေခြင်းဖြစ်သည်။

" ဘယ်လို ဆက်လုပ်မှာလဲ Chanyeol  "

လေးလေးက သူ့ကို လှမ်းမေးတာကြောင့် သူ ခေါင်းခါပြလိုက်၏၊

" ဒါ မုဒိမ်းမှု မမြောက်ဘူးလေ လေးလေး ... သူမက အသက်လည်း ပြည့်ပြီးတဲ့အပြင် နောက်ပိုင်း အလိုတူလာတာမို့ ကျွန်တော်တို့ ဘက်က ပြန် ချေပခွင့်ရှိတယ် "

" အင်း ~~~ "

" ဒါပေမယ့် ကျွန်တော် မကူညီပေးချင်ဘူး ... ဘေးထွက်နေပါရစေ "

Healing LoveWhere stories live. Discover now