Healing Love (25)

1.7K 367 50
                                    

Healing Love 🍁

Part-25

လေးလေးရဲ့ အကြံပေးချက်အတိုင်း ဆိုဟီးနဲ့ဖြစ်ဖြစ် ဆိုဟီးဘက်က ရှေ့နေနဲ့ဖြစ်ဖြစ် တွေ့ဖို့ အရင်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ ကာမလိမ်လည်မှုနဲ့ တရား စွဲထားတယ်ဆိုသော်ငြား ကိုယ်က သူ့ရဲ့ ကာမကို လိမ်လည်ရယူခဲ့ခြင်း မရှိခဲ့ဖူးပါ။ ဖြားယောင်းသွေးဆောင်ခြင်းလည်း မရှိခဲ့ဖူး။ ဒါကြောင့် သူမ သို့မဟုတ် ရှေ့နေနဲ့ တိုက်ရိုက်တွေ့ပြီး အမှုကို ပြန်ရုတ်သိမ်းပေးဖို့ ညှိနှိုင်းရမည်ဖြစ်သည်။

ဆိုဟီးအဖေဆီ ပြန်ဆက်သွယ်ကာ သူတို့ဘက်က မြို့နယ်ဥပဒေအရာရှိ ​ထိုင်တဲ့ ရုံးအထိ လိုက်ရ၏။ သို့သော် ဆိုဟီးနဲ့တော့ အတွေ့မခံကြပါ။

" ဒီဘက်က ဆရာပြောကြားချက်အရဆိုရင် မင်ဆိုဟီးနဲ့ ဆရာက မှားယွင်းခဲ့ဖူးခြင်း မရှိဘူးပေါ့ "

" မမှားခဲ့ဘူးခင်ဗျ ... ဒါကို သူလည်း သိသလို ကျွန်တော်လည်း သိတယ် , လက်ထပ်ဖို့ အကြောင်းပြ လိမ်လည်ပြီး အတူနေခဲ့ခြင်းလည်း မရှိသလို ကျွန်တော့်ဘက်က ဖြားယောင်းသွေးဆောင်တာလည်း မရှိဘူး , ဆိုဟီးအဖေက မသိဘဲနဲ့ လုပ်တာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဆိုဟီးနဲ့ပဲ တိုက်ရိုက် ဖြေရှင်းချင်ပါတယ် "

ထိုအခါ တစ်ဖက်ရှေ့နေက သက်ပြင်းချကာ ခေါင်းညိတ်၏။ သူတို့ဘက်က ပြင်ဆင်ထားတဲ့ တရားစွဲဆိုမှု အကြောင်းအရာစာရွက်တွေက စားပွဲပေါ်မှာ အပုံလိုက်ဖြစ်သည်။

" ဒါကတော့ ခက်ခဲလိမ့်မယ်ဗျ ... မင်ဆိုဟီးက အခု စိတ်ကျ​န်း​မာရေးဆရာဝန်နဲ့ ကုသမှု ခံယူနေတာဆိုတော့..... "

" ဒါဆိုရင် ကျွန်တော့်ရဲ့ ကာမလိမ်လည်မှုဆိုတာ အကျုံးမဝင်ဘူးပဲ ... ဒီအမှုက ကာယကံရှင်ကိုယ်တိုင် တရားရုံးမှာ ဦးတိုက်လျှောက်မှ အကျုံးဝင်တာ ဆရာသိမှာပါ .... တကယ်လို့ ဒါကိုမှ ရှေ့ဆက်တိုးရင် ကျွန်တော့်ဘက်ကလည်း အသရေဖျက်မှုနဲ့ ပြန်တရားစွဲရပါလိမ့်မယ် "

" ကောင်းပါပြီ ... အမှု ပြန်ရုတ်သိမ်းတာ မသိမ်းတာကလည်း ကျွန်တော့်ဘက်က လုပ်လို့ရတဲ့ အရာ မဟုတ်ဘူးဗျ ... ကျွန်တော့် အမှုသည် တရားလို မင်ဆိုဟီးဘက်က ဖြေကြားချက်အတိုင်းပဲ ကျွန်တော် ဆောင်ရွက်ရမှာ "

Healing LoveWhere stories live. Discover now