Healing Love 🍁
Part-15
ဆေးရုံခန်းတံခါးကို ေဘးဆွဲဖွင့်ကာ အခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ လှဲနေတဲ့ ဆိုဟီးက မျက်နှာကိုတော့ အခန်းရဲ့ ဆန့်ကျင်ဘက် ပြတင်းတံခါးဆီသို့ လှည့်ထားသည်။ အခန်းထဲမှာ သူမက လွဲလို့ ဘယ်သူမှမရှိ။ ကုတင်နဲ့ မလှမ်းမကမ်းမှာပဲ ရပ်နေလိုက်ကာ ရှေ့ထပ်မတိုးချင်ပါ ။ အသံတော့ပြုလိုက်၏။
" ငါ ရောက်ပြီ "
သို့သော်လည်း သူမက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ကိုသာ မျက်နှာလှည့်ထားဆဲ...။ ခဏအကြာမှ စကားစလာ၏။
" တောင်းပန်ချင်လို့ .... Chanyeol "
"...."
" ငါ ... ငါ မလွန်ဆန်နိုင်ခဲ့ရုံပါ , နင် ငါ့ကို နာကြည်းနေမယ်ဆိုတာလည်း သိတယ်.... သိလို့လည်း ... ငါ ... နင့်ကို ရင်မဆိုင်ရဲခဲ့တာပါ "
Chanyeol က ငြိမ်ပြီးသာ ရပ်နားထောင်နေ၏။ သူမ ဘယ်လိုပဲ တောင်းပန်နေပါစေဦး... သူ ခွင့်မလွှတ်ချင်။ ဘယ်လောက်ထိ ပြိုလဲခဲ့ရသလဲဆိုတာ သူအသိဆုံးပဲလေ...
" ငါ....ငါ နင့်ကို ချစ်တယ် Chanyeol.... လက်လွှတ်ဖို့ စဥ်းစားလိုက်တိုင်း ငါ့မှာ ရူးမတတ်ပဲ ! မသန့်ရှင်းတော့တဲ့ ငါ့ကို နင် ရွံမုန်းနေလောက်ပြီလို့ တွေးလိုက်တိုင်း ငါ သေပစ်လိုက်ချင်တယ် .... ငါ ဘာဆက်လုပ်ရမလဲဟင် Chanyeol!! "
အမေးတစ်ခုနဲ့အတူ သူ့ဘက်ကို နာနာကျင်ကျင် လှည့်ကြည့်လာ၏။ ချောင်ကျသွားတဲ့ မျက်နှာက အရင်လို သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ ဆိုဟီးနဲ့ မလိုက်ဖက်လှ။ ကျနေတဲ့ မျက်ရည်တွေကလည်း မအပ်စပ်စွာ။
" ပြီးခဲ့ပြီ ဆိုဟီး .... အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ ... ငါလည်း နင်မရှိပဲ နေသားကျနေပြီ "
ဥပဒေအရာရှိဆိုတဲ့အတိုင်း Chanyeol က စကားပြော ပြတ်သားလွန်းသည်။ တစ်ဖက်လူကို ထိခိုက် နာကျင်အောင် ပြောတတ်၏။ အခုလည်း လူနာ ဘာညာ ဂရုမစိုက် ပြတ်ပြတ်သားသား စကားလုံးတို့ကိုသာ ရွေးပြောသည်။
" ငါကတော့ မနေနိုင်ဘူး .... အရှက်မရှိရာ ရောက်သွားမှန်းသိပေမယ့် ... ငါ့ရဲ့ အားနည်းချက်ကို ဖြည့်တွေးပေးပြီး ငါ့ဆီ ပြန်လာခဲ့လို့ မရဘူးလားဟင် "