Healing Love (9)

1.5K 366 30
                                    


Healing Love 🍁

Part-9

မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားသူအဖို့ အခုချိန် မြည်နေတဲ့ ဘဲလ်သံဟာ စိတ် အနှောင့်အယှက်ဖြစ်စရာ။ ခေါင်းအုံးဘေးက ဖုန်းမျက်နှာပြင်ကို နှစ်ချက်လောက် တောက်​ကြည့်မိတော့ မနက် ၈ နာရီ ၅မိနစ်။ ဒီအချိန်ကြီး အခန်းတံခါး ဘဲလ်လာတီးနေတဲ့သူကို အော်လွှတ်ဖို့ Chanyeol ထ လာလိုက်၏။

" ဘယ်သူက ဒီလောက်...အဲ "

" ဟီး ... အစ်ကို "

" မင်း ဒီအချိန်ကြီး ! "

" ကျွန်တော် ဝင်မယ်နော် အစ်ကို "

သူ ပြူးပြနေလည်း ဂရုမစိုက်စွာ ကောင်ငယ်လေးက သူ့ဘေးကနေ ကပ်သပ်ပြီး အိမ်ထဲ ရွှတ်ခနဲ ဝင်လာ၏။ ဖိနပ်ချွတ်တော့လည်း သူ့ဖိနပ်ကို ညီအောင် စီတဲ့အပြင် ဘေးက တစ်ဖက်စီဖြစ်နေတဲ့ Chanyeol ဖိနပ်ကိုပါ လက်နဲ့ ယူစီသည်။ ထို့နောက် အိမ်ထဲဝင်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေပြန်၏။

" ဒီအချိန်ကြီး ဘာကိစ္စလဲ ကောင်လေး "

သူမေးလိုက်တော့ ဆိုဖာမှာ ဝင်ထိုင်ဖို့လုပ်တဲ့ ကောင်လေးက မထိုင်သေးပဲ သူ့အနားကို ပြန်လျှောက်လာသည် ၊ ထို့နောက် ၂ လှမ်းစာလောက် အကွာမှာရပ်ကာ....

" သတိရလို့ပေါ့ အစ်ကိုရဲ့ "

" အပိုတွေ ! မင်း ဘာမပြောညာမပြောနဲ့ ပျောက်သွားတာ ၃ ရက်တောင်ရှိပြီ ကောင်လေး "

ပြောလည်းပြော သူမရှင်းရသေးတဲ့ ဆေးလိပ်တိုတွေ ဘီယာဘူးခွံတွေ ပြာမှုန့်တွေကို ရှင်းပေးနေ၏။ အမှိုက်အိတ်ထဲထည့်နေတာမို့ Baekhyun ကပါ ဘူးခွံတစ်ချို့ လိုက်ကောက်ထည့်ပေးလေသည်။ ကူလုပ်ပေးနေရင်းလည်း ပါးစပ်က အငြိမ်မနေ။

" ကျွန်တော် စာမေးပွဲ ရှိလို့​ပါ အစ်ကိုရဲ့ ... သိတယ်မလား seoul တက္ကသိုလ်ဆိုတော့ နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးလေ "

" seoul တက္ကသိုလ် ? "

" ဟုတ် "

Chanyeol က လုပ်လက်စကိုရပ်ကာ သေချာကြည့်ပြီး ပြန်မေး၏။ အိမ်နေရင်း စွပ်ကျယ် ၊ ဘောင်းဘီတို မီးခိုးရောင်နဲ့တောင် Chanyeol က သိပ်ကြည့်ကောင်းတယ်။
Baekhyun ကတော့ ကျောပိုးအိတ်လေးနဲ့ ထုံးစံအတိုင်း အလယ်တန်းကလေးသာသာ။

Healing LoveWhere stories live. Discover now