Healing Love(13)🚨

2.4K 361 56
                                    


Part-13

အနောက်ကနေ သိုင်းဖက်ထားကာ တအီအီ ငိုရှိုက်နေတဲ့ ကောင်လေးကြောင့် Chanyeol ဗီရိုတံခါးကို ပိတ်လိုက်ကာ သူ့ဘက် လှည့်လိုက်၏။ ကောင်လေးရဲ့ လက်တွေကတော့ သူ့ခါးပေါ်ကနေ ဖယ်မသွား။

" ကောင်လေး...."

သူခေါ်လိုက်တော့ မော့ကြည့်လာတဲ့ ကောင်လေးက ပါးပြင်တစ်ခုလုံး မျက်ရည်တွေနဲ့ဖြစ်သည်။ နှာ​ခေါင်းထိပ်ကလည်း ရဲလို့...
နှဖူးပေါ်မှာ ရေစိုလို့ ကပ်နေတဲ့ ဆံပင်တို့ကြောင့် ဆံပင်တွေကို သပ်တင်ပေးလိုက်ကာ မျက်ရည်သုတ်ပေးမိသည်။
နဖူး ပေါ်လာတဲ့ ကောင်လေး​က ခပ်ငယ်ငယ်အရွယ် ကျောင်းမသွားခင် အမေ့ရဲ့ ပြင်ဆင်ပေးမှုကြောင့် ပြောင်ပြောင်ရှင်းရှင်း မြင်ရတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာအသွင်။ နုနု​ငယ်ငယ်လေး...

" မချစ်ပါနဲ့လို့ ပြောတာက မင်း ခံစားရမှာ စိုးရိမ်လို့ပါ.... ငါ မင်းကို မနှင်ရက်ပါဘူး "

" အစ်ကို နှင်လည်း ကျွန်တော်က မသွားဘူး "

ဆိုကာ ခါးက လက်တွေကို ဖြုတ်ချပြီး လည်ပင်းကနေ သိုင်းဖက်လျှက် တစ်ကိုယ်လုံး အားပြုလာ၏။ Chanyeol အနောက်ကိုတောင် ယိုင်သွားရကာ ဗီရိုတံခါးကို မှီလိုက်ရသည်အထိ။

" ကျစ် ! လဲမယ်လေ ကောင်လေး "

Baekhyun က သူပြောတာ ဂရုစိုက်ဟန်မပေါ်။
ဖက်ထားလျှက်ကြားက မျက်နှာကို Chanyeol လည်ပင်းနားလေး စောင်းကာ စကားပြောဖို့ပြင်၏။

" အစ်ကို့မှာ ကျွန်တော့်ကို မချစ်နဲ့လို့ တားခွင့်မရှိဘူး.... အစ်ကို့ကို ချစ်တာက ကျွန်တော့်စိတ် ကျွန်တော့် ညဉ် ပဲမို့ ကျွန်တော်ကပဲ ဆုံးဖြတ်မယ် "

လည်ပင်းနားမှာ တို့တိတို့တိ လာလုပ်နေတဲ့ နှုတ်ခမ်းပါးကြောင့် Chanyeol က အံကြိတ်ထားရ၏။ ဘယ်သူက ဒီအခြေအနေကို အသည်းမယားဘဲ နေမည်နည်း။

" ဖယ်..ဖယ်တော့ ကောင်လေး ! "

" ဒီနေ့ကစပြီး အစ်ကို ကျွန်တော့်ကို ချစ်လာအောင် နည်းမျိုးစုံ သုံးတော့မှာ "

" ကျစ်!!"

" ချစ်တယ် အစ်ကို "

ဆိုကာ Baekhyun က Chanyeol လည်ပင်းနားတစ်ဝိုက်ကို နှုတ်ခမ်းပါးလေးနဲ့ ပွတ်ဆွဲ၏။ မေးအောက်ဘက်ကိုလည်း မော့ကာ မော့ကာ နမ်းသည်။
Chanyeol မှာသာ မျက်လုံးစုံမှိတ်လို့ အနမ်းတွေကို ရှောင်ရင်းကနေ ကောင်လေးရဲ့ ခါးကပါ တွန်းထုတ်ရ၏။

Healing LoveWhere stories live. Discover now