Healing Love (14)

1.7K 355 47
                                    

Healing Love 🍁

Part-14

ညနေမှ ပြန်လာမယ်ဆိုတဲ့အတိုင်း ကျော​ပိုးအိတ်လေး လွယ်ပြီး ပြန်လာတဲ့ ကောင်လေး။
Chanyeol အရေးတယူလုပ်မနေတော့ပါ။ မလာနဲ့  လို့ ပြောလည်း ဆင်ခြေအမျိုးမျိုးပြကာ ရအောင် ဝင်လာမည်ပဲလေ....
Chanyeol က ဆိုဖာမှာ ထိုင်ကာ laptop တစ်လုံးနဲ့ အမှုအကြံပေး ရေးနေတုန်း ကောင်လေးက သူ့ လွယ်အိတ်ကို စားပွဲပေါ် အသာတင်ကာ Chanyeol ဘေး ဝင်ထိုင်၏၊

ထို့နောက် Chanyeol မျက်နှာကို ငေးကြည့်နေသည် ။ ပြုံးလိုက်တိုင်း ပေါ်လာတဲ့ လေးထောင့်ဆန်ဆန် နှုတ်ခမ်းပါးလေးက ချစ်ရသူကို ငေးနေလို့ပဲလား.... မျက်ဝန်းလေးတွေကလည်း ကြည်တောက်စွာ ကြယ်ပွင့်လေးတွေလို ။ ဒူးနှစ်ဖက်ကြား လက်ကလေး ညှပ်ထည့်ပြီး ငြိမ်ငြိမ်လေး ထိုင်ငေးနေ၏၊

" အဲ့ဒီလောက်ထိ ကြည့်နေတာ မင်း မလွန်ဘူးလား ကောင်လေး ... "

" ဟင့်အင်း.... မလွန်ပါဘူးဗျ , ဘာပြစ်မှုများ မြောက်သွားလို့လဲ "

ပြုံးစိစိနဲ့ Chanyeol လက်မောင်းပေါ်ကို မေးလေးတင်ကာ ချွဲပြ၏။ စာရိုက်ပြီးသားကို ပြန်စစ်နေချိန်ပဲမို့ Chanyeol ကလည်း မဖယ်မိပါ။

" အစ်ကို အလုပ် ပြန်လုပ်ဖြစ်တာ ကျွန်တော် တကယ် ဝမ်းသာတယ်သိလား.... နောက် အခွင့်အရေးရရင် အစ်ကို အမှုစစ်တဲ့ တရားခွင်ကိုလည်း လိုက်ကြည့်ချင်တယ်...ကျွန်တော့်ရှေ့နေကြီးက ခန်းမအလယ်မှာ ဘယ်လောက်တောင် ခန့်ညားနေလိုက်မလဲနော် "

ဆိုလိုက်တော့ Chanyeol က သူ့လက်မောင်းပေါ်မှာ မေးစေ့လေးတင်ပြီး ပြောနေတဲ့ ​ကောင်လေးကို ငုံ့ကြည့်၏။

" မင်း ငါ့ကို ရှေ့နေမို့လို့ ချစ်တာလား "

" ဟင့်​အင်း..မဟုတ်ပါဘူး , အစ်ကို ရှေ့နေမှန်း မသိခင်ကတည်းက ကျွန်တော် အစ်ကို့ကို ချစ်တာ "

" နောက်ပြီး ကျွန်တော့် နှလုံးသားကသာ လက်ခံမယ်ဆိုရင် အစ်ကိုက လမ်းဘေးကတေလေဂျပိုး ဖြစ်နေပါစေဦး... ချစ်ဦးမှာပဲ "

" မင်း !! "

" ကျွန်တော်က ရှင်းပြရုံ သက်သက်ပါ .... ပြီးေတာ့ ကျွန်တော့် နှလုံးသားက သတ်မှတ်ချက်တွေ နောက်ကို လိုက်တာ မဟုတ်ဘူး အစ်ကို.... သူ့ ရင်ခုန်သံနောက်ကိုပဲ လိုက်တာ...အဲ့ဒီ ရင်ခုန်သံကလည်း မထင်မှတ်ပဲ အစ်ကို ဖြစ်သွားတာ "

Healing LoveWhere stories live. Discover now