Healing Love (27)

2K 415 51
                                    

Healing Love 🍁

Part-27

ကျွန်တော်ဟာ ကျွန်တော် မသိလိုက်တဲ့ အချိန် ခဏလေးအတွင်းမှာတင် တစ်စုံတစ်ယောက် နေရာမှာ အစားထိုးခြင်း ခံလိုက်ရတယ် ....

အစ်ကို မူးမူးနဲ့ ယောင်ပြီး ရေရွတ်နေတာ မင်ဆိုဟီး ပါတဲ့ ။

အမှန်အတိုင်း ပြောရရင် အချစ်နဲ့ ပတ်သက်ပြီး မဟုတ်ဘူး အစ်ကိုနဲ့ ပတ်သက်ပြီး သိမ်ငယ်ဖူးတာ ဒါ ပထမဆုံးပဲ။ အစ်ကို ကျွန်တော့်ကို စကားလုံး ကြမ်းကြမ်းတွေ ပြော​တုန်းကလည်း ကျွန်တော် ခံနိုင်ရည်ရှိအောင် ကြိုးစားခဲ့တယ်။ အဲ့ဒီအစ်မကြောင့် ပြိုလဲနေတဲ့ အစ်ကို့ကို ကျွန်တော့် ရှိသမျှ အင်အားလေးနဲ့ ဆွဲထူခဲ့တယ်၊ အမှောင်ထဲမှာ လမ်းပျောက်လုနီး ဖြစ်နေတဲ့ အစ်ကို့ကို ကျွန်တော် လမ်းမှန်ထိ ရောက်အောင် ဆွဲခေါ်ခဲ့တယ်။

မနက်တိုင်း အစ်ကို့ကို လာနှိုးပေးလို့ ကျောင်းမှာ အိပ်ငိုက်မိတာတွေ ကျွန်တော် မမှုခဲ့ဘူး။ မချက်တတ် ချက်တတ်တဲ့ အစ်ကို့ ရုံးမှီအောင် ချက်ပေးရင်း အပူလောင်တာတွေ အစ်ကို မမြင်လည်း ကျွန်တော် ကျေနပ်ခဲ့တယ် ။ ကျွန်တော် ဘယ်သွားလဲ ဘယ်သူတွေနဲ့ တွေ့လဲ ဆိုတဲ့ ကျွန်တော့် နေစဥ်ဘဝကို အစ်ကို တစ်ခါမှ မမေးဖူးလည်း ကျွန်တော် အစ်ကို့အပေါ် မငြိုငြင်ရက်ခဲ့ဘူး။

ဒါပေမယ့် ကျွန်တော် မဟုတ်တဲ့ တခြား​တစ်ယောက်​ကို တောင့်တနေတာတော့ ကျွန်တော့် ရင်ထဲမှာ နာတယ်.... စိတ်ဆိုးတယ်...သိမ်ငယ်မိတယ် ။

အစ်ကို့ မျက်နှာကို မတွေ့ချင်ဘူး။
အသံလည်း နားမထောင်ရဲဘူး။
ကျွန်တော် အတင်း လုပ်ယူထားတဲ့ အချစ်ဆိုတဲ့ အရာထဲမှာ ပူလောင်နေမယ့် အစ်ကို့ကို ကျွန်တော် အားနာတယ်။
အစ်ကို ကျွန်တော့်ကို လိုအပ်နေတာ တစ်စုံတစ်ယောက် နေရာမှာ အစားထိုးဖို့မှန်း သိလိုက်ရတော့ ထပ်ပြီး မပတ်သက်ရဲတော့ဘူး။

တစ်ယောက်တည်းနေရင် အစ်ကို့ဆီပဲ သွားချင်နေမှာစိုးလို့ အိမ်ပဲ ပြန်လာခဲ့ပေမယ့် ကျွန်တော် မျက်နှာမကောင်းတာကြောင့် အိမ်က လူတွေကပါ အရိပ်တကြည့်ကြည့်။ သဘောမတူချင်တဲ့ ဖေဖေနဲ့ ကိုကိုကတောင် ကျွန်တော့်ကို အဆင်ပြေရဲ့လားလို့ မေးနေသည်။ တကယ်တော့ ကျွန်တော် အဆင်မပြေပါ။

Healing LoveWhere stories live. Discover now