Healing Love (12)

1.6K 368 45
                                    

Healing Love 🍁

Part-12 

" ဆိုဟီး သတိရလာပြီ Chanyeol "

ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ခေါင်းစဥ်မတပ်တတ်သလို Chanyeol အဖြေလည်း မရှာတတ်။ ကောင်းသတင်းပဲမို့ ဝမ်းသာေပးမိတာက  စိတ်ရင်းအမှန်ဖြစ်သည်။

" ဟုတ်...ဝမ်းသာပါတယ် ဦးလေး "

" အောက်ဆီဂျင်ပိုက်တွေတော့ ဖြုတ်လိုက်ပြီကွ...အခု ပြန်အိပ်ပျော်နေတယ် , မင်း ... လာမယ်မဟုတ်လား "

အားနာနေတဲ့ အသံမှန်း ခံစားရပေမယ့် ကိုယ်ကတော့ မငဲ့ကွက်ချင်ပါ။ စိတ်နာမှုကြောင့် ပြန်လည်း လှည့်မကြည့်ချင်တော့။
ရက်စက်ခဲ့တာ ဘယ်သူတဲ့လဲ။

" ကျွန်တော် မလာတော့ပါဘူး ဦးလေး... ဦးလေးနဲ့ အန်တီ့ကို အားနာပေမယ့် ပြီးပြီးသား ဇာတ်ကို ကျွန်တော် ပြန်မကချင်တော့ပါဘူး... ဆိုဟီးကိုလည်း ကျန်းမာရေးဂရုစိုက်လို့ ပြောပေးပါ "

" အေး..အေးပါကွာ , ဦးလေးတို့လည်း နားမလည်တာတော့ မဟုတ်ပါဘူး "

" ဟုတ်ကဲ့ .. ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် အလုပ်လေး  ရှိသေးလို့ပါ..."

စကားစ ဖြတ်ကာ ဖုန်းချလိုက်ပြီး အိပ်ခန်းထဲ ပြန်ဝင်လာခဲ့၏။ ကုတင်ပေါ် မှောက်လျက် လှဲမိတော့ အတွေးထဲ ဝင်လာတဲ့ မျက်နှာ ချိုချိုလေး...မနက်က မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ကောင်လေးရဲ့ မျက်နှာကိုသာ မြင်ယောင်လာတာကြောင့် သက်ပြင်းချမိ၏။

နောက်ထပ် နောက်ထပ် တစ်စုံတစ်ယောက်ကို သဘောကျပေးဖို့ ယုံကြည်ချက်လည်း မရှိတော့သလို ချစ်ရဲတဲ့ သတ္တိလည်း မရှိတော့ဘူး။ ကိုယ် ဒီလောက် ကြင်နာပေး ယုယပေးတဲ့ မိန်းကလေးကတောင် ကိုယ်မဟုတ်တဲ့ တခြားယောက်ျားအပေါ် သာယာမိသေးရင် နောက်ထပ် ကိုယ် ချစ်မိတဲ့သူက ကိုယ့်ကို ဒီလို လုပ်ရပ် ထပ်မလုပ်ပါဘူးလို့ ဘယ်သူ အာမ ခံသလဲ။

ဒီနှလုံးသားနဲ့ပဲ နောက်တစ်ကြိမ် ထပ်ပြီး ချစ်မိတဲ့အခါ.....
ဒီနာကျင်မှုမျိုးနဲ့ နောက်တစ်ကြိမ် ထပ်ပြီး နာကျင်ရဦးမယ်ဆိုရင်....
ဒီခံစားမှုမျိုးကို နောက်တစ်ကြိမ် ထပ်ပြီး ခံစားရဦးမယ်ဆိုရင်....

Healing LoveWhere stories live. Discover now