Healing Love (4)

1.4K 323 17
                                    

Healing Love 🍁

Part-4

ဖုန်းလာနေမှန်း သိပေမယ့် Chanyeol မကိုင်ဖြစ်ပါ။ အခုချိန် So hee ဖုန်းကလွဲ မကိုင်ချင်ဘူး။ သူမနဲ့မှ မဟုတ်ပဲ စကားတွေ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။ မမုန်းဘူးလားဆိုရင် ရူးအောင် မုန်းတယ်.... ချစ်သေးလားဆိုရင်တော့ မဖြေမရှိဘူး။ Chanyeol က အချစ်ကြီးသလို ချစ်ပြီဆိုရင်လည်း တစ်သက်မှာ တစ်ယောက်ကိုသာ ချစ်ချင်တာမျိုး။ မိမိချစ်သူဆီကပဲ အားပေးစကားတွေ ကြားချင်တာမျိုး။

ခက်ခဲချိန်တိုင်း ဘေးမှာ ရှိနေပေးမယ့် သူကလည်း မိမိချစ်ရသူသာ ဖြစ်စေချင်တာမျိုး....

ဒီညတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ပါသေးတယ်။ chamber ဆင်းနေရတဲ့ ကာလတုန်းကလည်း ရှေ့နေကြီးတွေရဲ့ အမှုစစ်ပုံစစ်နည်းကို တရားရုံးထိလိုက်ပြီး သေချာလေ့လာရတာကြောင့် ပင်ပန်းခဲ့ရသည်။ ထိုမှ တစ်ဆင့် စာမေးပွဲဖြေတော့လည်း ဥပဒေစာအုပ် ထူထူကြီးတွေကြား ပုဒ်မတွေ မှတ်ပြီး ရူးလောက်အောင်ကြိုးစားခဲ့ရသည်၊ သို့သော် စာတွေ့ပဲ ကျွမ်းကျင်ရုံနဲ့ မပြီးတာကြောင့် လက်တွေ့ ပိုင်းမှာ အားနည်းခဲ့ရ၏။ သူ ဒီလို မအားမလပ် ပင်ပန်းနေတဲ့အချိန်မှာပဲ So hee က အထီးကျန်ခဲ့သလား။ မိန်းမပွေလီချင်တဲ့ အဖေ့ကိုပဲ အပြစ်တင်ရမလား၊ သေချာတာတော့ စုတ်ပြတ်သတ်သွားတာ သူပါပဲ။

တလောကလုံးကို မယုံချင်တော့တာလည်း သူ !
ဘဝကို အရွဲ့တိုက်ချင်နေတာလည်း သူ !
ကြိုတင်ပြင်ဆင်ထားတဲ့ လက်ထပ်ဖိတ်စာတွေကြား အရှက်ရခဲ့တာလည်း သူ !

အဲဒီနေ့ကသာ လက်ပူးလက်ကြပ်မမိခဲ့ရင်ဆိုတဲ့ နောက်ဆက်တွဲတွေ စိတ်ကူးတောင် မယဥ်ရဲတော့တာလည်း သူပါပဲ။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

" ဟာ ! မင်းသားလေး ပြန်လာပြီ Yayy !!! "

Pw နှိပ်ပြီး အိမ်ထဲဝင်တယ်ဆိုရင်ပဲ တူမလေး အသံကို  ကြားလိုက်ရသည်။ တူလေးကတော့ စကားသိပ်မပြောတတ်သေး....
ခေါ်ရင်ကျ မလာဘဲ သူ့အစ်မနဲ့ပဲ အတူဆော့ပေးနေရင် ကျွန်တော့်ကို မျက်မှောက်ကြုတ်ပြီး ဘုကြည့် ကြည့်တတ်သေးတာ။

Healing LoveWhere stories live. Discover now