Healing Love(17)

1.7K 380 52
                                    

Healing Love 🍁

Part-17

ကောင်လေး ပို့ထားတဲ့ ဆိုင်လိပ်စာက ကိုယ်တွေနေတဲ့ ရပ်ကွက်နဲ့ သိပ်မဝေးပေ။ ရုံးကနေ လာတာမို့ နည်းနည်းတော့ လှမ်း၏။ ဆိုင်ဘေးမှာရှိတဲ့ ကားပါကင်ထဲ ကားကို နေရာပေးကာ ဆိုင်ထဲဝင်လာတော့ ကောင်လေးက ထောင့်ဝိုင်းလေးမှာထိုင်ကာ ဖုန်းသုံးနေ၏။

" ငါ ရောက်ပြီ "

အသံပေးလိုက်တော့ မော့ကြည့်လာ၏။ မျက်နှာလေးတောင် ချောင်သွားသည်။

" အစ်ကို ရောက်ပြီလားဗျ ... "

Chanyeol ပါ ဝင်ထိုင်လိုက်တော့ ဝန်ထမ်းက menu book လာချပေးသည်။ အသားကင်ဆိုင်မို့ စားချင်တဲ့ ဝက်ဂုတ်သားနဲ့ သုံးထပ်သားကိုသာ မှာလိုက်ကြ၏။ ခဏစောင့်နေတုန်း....

" ဘာလို့ ဒီဆိုင်လဲ..."

" ကျွန်တော် ဒီနေ့ လစာထုတ်တယ်လေ ပြီးတော့ မနက်ဖြန်က စပြီးလည်း ကျောင်း ၃ လပိတ်ပြီ "

ထိုအခါ Chanyeol က မျက်ခုံးပင့်ကာ ခေါင်းညိတ်​၏။
အသားလာချပေးတော့လည်း Baekhyun ကသာ ညှပ်ယူပြီး ကင်ပေးသည်။ Chanyeol စားဖို့ အသားတုံးလေးတွေကအစ ညှပ်ပေးရှာ၏။

" မင်းလည်း စားတော့ ကောင်လေး ... ငါ့ကိုပဲ ထည့်ပေးမနေနဲ့ "

" ဟုတ်ကဲ့ "

စားပြီးတော့လည်း အီနေလို့ဆိုကာ ဟန်မြစ်ကမ်းနားကို လိုက်ပို့ခိုင်းပြန်သည်။ ၁၀ နာရီဝန်းကျင်မို့ လူက အရမ်းတော့မများ။
သူတို့ ပထမတစ်ကြိမ် ထိုင်ဖူးတဲ့ ကျောက်တုံးတွေနားကိုပဲ ဦးတည်လာဖြစ်သည်။ သို့သော် အဲ့ဒီနေရာမှာ လူငယ် ၄ ယောက်လောက်က ပျော်ပါးသောင်းကျန်းနေသည်မို့ ကောင်လေးက နှုတ်ခမ်းဆူ၏။

" နှုတ်ခမ်းဆူမနေနဲ့ ! လာချင်တာ ဘယ်သူလဲ "

" အစ်ကိုကလည်း..."

" လာ..ဒီဘက်"

ဆိုကာ ကောင်လေး လက်ကောက်ဝတ်ကို ဆုပ်ကိုင်လို့ ခပ်လှမ်းလှမ်းကို ခေါ်လာခဲ့၏။ ထိုင်စရာနေရာ မရှိတာကြောင့် နှစ်ယောက်သား မတ်တပ်ရပ်နေရုံသာ။ လက်ကို လွှတ်မယ်ကြံတော့ ကောင်လေး​က သူ့လက်ကို ဆွဲထား၏။ Chanyeol ရဲ့ လက်ဖဝါးကြီးကြီးကို ဖြန့်ကာ သူ့ လက်သေးသေးလေး လာတင်သည်။

Healing LoveWhere stories live. Discover now