Healing Love (22)

1.7K 386 41
                                    

Healing Love 🍁

Part-22

24 hours ဆိုင်လေးမှာ အလုပ်ဝင်လုပ်နေတာ ၁ လတောင် ကျော်ခဲ့ပြီ။ နောက်လဆိုရင် ကျောင်းပြန်ဖွင့်ပြီမို့ အရင်လို မနက်ပိုင်း ကျောင်းတက်ပြီး ညနေပိုင်းသာ  အလုပ်လုပ်လို့ရမည်။ အစ်ကိုနဲ့ တွေ့ချိန်လည်း နည်းသွားတော့မှာ .... အိမ်က လူတွေက အလုပ် မလုပ်ဘဲ ကျောင်းစာသာ အာရုံစိုက်ဖို့ ပြောနေတာကြောင့် ဘာလုပ်ရမလဲတော့ မသိသေးတာ အမှန်ပါ။

အလုပ်ဆင်းတော့ ညနေ ၅ နာရီ။
ဆိုင်က အစ်ကိုတို့ ရုံးနားမှာပဲမို့ ညနေ ၆ နာရီ ရုံးဆင်းတဲ့ အစ်ကိုနဲ့ အတူတူပြန်ဖို့ရာ ကျွန်တော် အမြဲတမ်း အစ်ကို့ရုံးဆီ သွားတယ်။ တစ်ခါတစ်လေ အစ်ကို တရားရုံးကနေ အိမ်တန်းပြန်ရမယ့် နေ့တွေဆိုရင်တော့ ညနေ ၅ နာရီက ၂ ယောက်လုံးရဲ့ အိမ်ပြန်ချိန်ပေါ့။

အခုလည်း အလုပ်ဆင်းလာပြီး အစ်ကို့ရုံးဆီ သွားတဲ့လမ်းမှာပင်။ ဒီနေ့တော့ လမ်းက ပန်းဆိုင်လေးမှာ ပန်းအိုးတစ်အိုးဝယ်ဖို့ တွေးထားတာကြောင့် ပန်းဆိုင်လေးထဲ ဝင်လိုက်၏။

" ကြိုဆိုပါတယ်ရှင် "

နှုတ်ဆက်တဲ့ ဝန်ထမ်းကို ပြုံးပဲပြလိုက်ကာ ဆိုင်အတွင်း လှည့်ပတ်ကြည့်နေလိုက်၏။

" ဘာရှာပါသလဲရှင် "

" ဧည့်ခန်းထဲမှာ ထားတဲ့ အပင်ပါ အစ်မ .... ကျန်းမာရေးအတွက် အထူးသဖြင့် စိတ်ကြည်လင်စေတဲ့ အပင်မျိုး "

" ဒီဘက်မှာ ရှိပါတယ် ဧည့်သည် "

ဝန်ထမ်းခေါ်လာပေးတဲ့ ဘက်အခြမ်းမှာတော့ ပန်းအိုးလေး တွေ အရွယ်စုံ အရောင်စုံ ရှိ၏။ ဒီထဲမှာမှ အစ်ကို့အိမ်က ဧည့်ခန်းလေးထဲ ထားလို့လှတဲ့ ပန်းအိုးအဖြူလေးကို ရွေးယူလိုက်သည်။ အပင်ရော အိုးပါ ပါပြီးသားမို့ အဆင်ပြေ၏၊ အရွယ်က သိပ်တော့မကြီးပါ။

" ဒါလေး ယူမယ် အစ်မ "

" ဟုတ်ကဲ့ပါ "

အစ်ကိုက အိပ်မပျော်ရင်ဖြစ်ဖြစ် stress တွေ ပိနေရင်ဖြစ်ဖြစ် ဆေးလိပ်သောက်တတ်တယ်။ ဆေးလိပ်အနံ့ မခံနိုင်တဲ့ ကျွန်တော့်ကြောင့် အောက်က smoking area လေးမှာ သွားသောက်တယ်ဆိုဦးတော့ အနံကတော့ စွဲကျန်နေတတ်သည်။ ကြာရင် အစ်ကို့ ကျန်းမာရေးအတွက် မကောင်းဖြစ်လာနိုင်၏။ အခုလို စာလုပ်နေရချိန်မို့ ပိုလို့ စိတ်ပူမိပါသည်။

Healing LoveWhere stories live. Discover now