Healing Love (33)

2.5K 260 58
                                    


Healing Love (33) 

ခရီးတိုလေးကနေ ပြန်လာပြီးကတည်းက Baekhyun တစ်ယောက် အချိန်ပြည့် အားနေ၏။ ပထမနှစ်စာမေးပွဲဖြေပြီးသွားပြီမို့ အိမ်မှာ အနားယူနေရတဲ့ အချိန်လည်းဖြစ်သည်။ အရင် နေခဲ့တဲ့ ကျောင်းနားက အခန်းကို ပြန်အပ်လိုက်ကာ ဘူချွန်းက မိဘအိမ်မှာသာ နေသည်။ 

Chanyeol ကတော့ ထုံးစံအတိုင်း အမှုကိစ္စတွေနဲ့ လျှောက်လဲချက်တွေကြားမှာ ဗျာများနေရတုန်းပင်။ 

ဒီနေ့တော့ ပိတ်ရက်ဖြစ်တဲ့အပြင် မိမိ အစ်ကိုနဲ့ အဖေက Chanyeol နဲ့ ညစာအတူ စားဖို့ချိန်းထားတဲ့နေ့လည်းဖြစ်၏။ Baekhyun က လိုက်ချင်ပါတယ်ပြောတာတောင် မခေါ်ကြ။ သူတို့ချင်းသာ စကားပြောချင်ပါသည်တဲ့လေ။ 
အစ်ကိုက လူကြီးမိဘ သဘောကျရလောက်တဲ့ အနေအထားဖြစ်သလို အလိုက်သိတဲ့သူတစ်ယောက်ပဲမို့ စိတ်တော့မပူမိပါ။ 

မနက်က မေမေနဲ့အတူ စျေးခဏလိုက်ပေးပြီး အခု ပြန်လာတော့လည်း လုပ်စရာ မယ်မယ်ရရမရှိ။ အစ်ကိုကတရားသူကြီး အစည်းအဝေးရှိနေတာမို့ ဖုန်းဆက်မရ၍ ပိုဆိုးတော့သည်။ ‘ အစည်းအဝေးပြီးမှ ကိုယ် ဖုန်းဆက်လိုက်မယ်နော် ‘ ဆိုတဲ့ စကားကြောင့် အောင့်အီးသည်းခံနေရ၏။ 

“ ငယ်ငယ်ရေ… မေမေ့ဆီ ခဏလာပါဦး “ 

“ ဟုတ် လာပြီ “ 

အခန်းထဲမှာ ဖုန်းသုံးနေတုန်း အပြင်က လှမ်းခေါ်တာကြောင့် ထွက်လာတဲ့အခါ မေမေက ဧည့်သည်တစ်ယောက်နှင့်အတူ ဧည့်ခန်းထဲမှာ ထိုင်နေ၏။ ဧည့်သည်ဆိုတာထက် မေမေနဲ့ ခင်တဲ့ ဒီဇိုင်နာအန်တီ ဖြစ်သည်။ 

“ ဘာများလဲ မေမေ “ 

“ ဪ.. ဒီမှာလေ အန်တီကင်မ် ရောက်တုန်းလေး သားတို့ ၄ ယောက်အတွက် suit အပ်ချင်လို့ , အဲ့ဒါ chanyeol က ဘာအရောင် အဝတ်များလဲလို့ မေးမလို့ “ 

“ မေမေ … “ 

ပုံမှန်ဆိုရင် အဖေ ကိုကိုနဲ့ ကိုယ့်အတွက်ဆိုပြီး ၃ ယောက်စာသာ ချုပ်ပေးနေကျပေမယ့် အခု အစ်ကို့အတွက်ပါ ထည့်စဉ်းစားလာပေးတာကြောင့် အံ့ဩရသည်။ မေမေက တကယ်ကို သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့အမျိုးသမီးဖြစ်ကြောင်းလည်း သိသထက် သိလာရ၏။ 

You've reached the end of published parts.

⏰ Last updated: Feb 14, 2022 ⏰

Add this story to your Library to get notified about new parts!

Healing LoveWhere stories live. Discover now