Healing Love (6)

1.4K 322 16
                                    

Healing Love 🍁

Part - 6

" တက္ကသိုလ်ပထမနှစ်မှာ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်, အကျင့်စရိုက်ရော သဘောထားရော တိုက်ဆိုင်လို့ တွဲဖြစ်ရာကနေ ချစ်သူ သက်တမ်း ၆  နှစ်ပြည့်တဲ့နေမှာပဲ လက်ထပ်ဖို့ ပြင်ဆင်ခဲ့တာ , ခန်းမလည်း စရန်ပေးပြီးသား ... ဝတ်စုံတွေလည်း နှစ်ယောက်အတူ ရွေးထားပြီးနေပြီ ... ဖိတ်စာတွေပါ ဆိုင်အပ်ပြီးတဲ့ အချိန် ! အဲ့ဒီမိန်းကလေး တခြားတစ်ယောက်နဲ့ ​ဖောက်ပြန်နေတာကို တွေ့လိုက်ရတယ် "

ပြောတာခဏရပ်ပြီး Chanyeol က ဘီယာ မော့သောက်၏။ မျက်ဝန်းတို့က ရှေ့တည့်တည့်ရှိ ရေမျက်နှာပြင်မှာ။ Baekhyun မျက်ဝန်းလေးတွေကတော့ Chanyeol  မျက်နှာမှာ။
သူပြောသမျှ လုပ်သမျှ လိုက်ကြည့်နေ၏။

" အဲ့ဒီနေ့က မှတ်မှတ်ရရ ငါ တရားသူကြီးစာမေးပွဲ result သိရတဲ့နေ့။ မအောင်မှန်းသိလို့ စိတ်ဓာတ်လည်းကျ စိတ်တွေလည်း ထိုင်းမှိုင်းပြီး အိမ်ပြန်လာတဲ့အချိန် အခန်းတစ်ခန်းထဲကနေ အသံတစ်ချို့ ကြားလိုက်ရတယ် ... ၆ နှစ်လောက်် ဘေးမှာ ​​ရှိလာတဲ့ မိန်းကလေးရဲ့ အသံပဲ။ ငါ မမှတ်မိပဲနေပါ့မလား ။ တံခါး ဆွဲဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ..... အမျိုးသားတစ်ယောက်နဲ့ အဆုံးစွန်ထိ ငြိစွန်းနေခဲ့ပြီ "

Baekhyun ဘက်ကို မျက်နှာ စောင်းလှည့်လာကာ....

" အဲ့ဒီအမျိုးသားက မင်း ခုနက မြင်လိုက်တဲ့ ငါ့အဖေပဲ "

" ဘယ်လို ! "

Baekhyun ရဲ့ မယုံနိုင်စွာ ပြန်မေးတဲ့ အသံအဆုံး Chanyeol က မဲ့ပြုံးပြုံး၏။ တွေးမိတိုင်း သူနာကြည်းနေတုန်းပဲ။

" ငါ မုန်းသင့်ပါတယ် "

ဘာဆက်ပြောရမှန်း မသိတော့တဲ့ Baekhyun က Chanyeol ကိုသာ မျက်နှာငယ်လေးနဲ့ ကြည့်နေ၏။ ဒီအခြေအနေမှာ သူသာဆိုလည်း ဒီလိုပဲ လေနေမိမှာလား။ စကားလှလှ သုံးရင်တော့ဖြင့် ခဏ အနားယူပါတယ်ပေါ့။

" အခု အဲ့ဒီမိန်းကလေးရောဟင် ... အစ်ကို့ကို ပြန်မတောင်းပန်ဘူးလား "

Chanyeol ခေါင်းခါပြ၏။
တကယ်လည်း အခုမှ သူ့ သတင်းကြားမိတာပါ....

Healing LoveWhere stories live. Discover now