Healing Love (20)

2K 432 55
                                    

Healing Love 🍁

Part-20

ကောင်လေးကို အောက်ထိလိုက်မပို့ခိုင်းတော့ဘဲ တစ်ယောက်တည်း ပြန်ဆင်းလာကာ ကားထဲဝင်ထိုင်နေမိပေမယ့် မျက်နှာပိုးက မသပ်နိုင်။ အောက်မဆင်းခင် အနမ်းလေး ကပ်တိုးပေးလာတဲ့ ပါးတစ်ခြမ်းကို ကိုင်ကာ ပြုံးစိစိဖြင့် ကိုယ်မှာ အရူးရင့်ရ၏။ ' ကျွန်တော့်ကို လွမ်းနေနော် ' ဆိုပြီး ချွဲတော့ ဒီလူက အံကြိတ်ရသည်အထိ အူယားမိပြန်သည်။

ရယ်တော့လည်း ရယ်ရပါသည်။ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခါနီးအထိ ဖြစ်ခဲ့ဖူးသူက နောက်ထပ်အချစ်ကို ယောက်ျားလေးတစ်ဦးဆီမှာ ပေါက်ဖွားမိသည်တဲ့။ ဒါကလည်း ကိုယ်တိုင် အမြင်မကြည်ခဲ့တဲ့ ကောင်လေးဆီမှလေ....

တကယ်တော့ ကိုယ် ခံယူထားတဲ့ အချစ်က ရိုးရှင်းပါတယ်။ ကိုယ်ကချစ်တဲ့သူ ကိုယ့်ကို ချစ်ပေးတဲ့သူ တစ်ထပ်တည်းကျရင် အဲ့ဒီလူက ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ကိုယ် အရိုးရှင်းဆုံး လက်ခံနိုင်တယ်။ စိတ်သန့်သန့်နဲ့ သူ့လက်ကို ကိုယ် တွဲနိုင်တယ်။  အစကတည်းက ဦးငယ်တို့အတွဲကြောင့် ဒီအသိုင်းအဝိုင်းနဲ့ စိမ်းနေတာမျိုးမှ မဟုတ်ဘဲ။

နေ့လည် ၂ နာရီကျော်နေပေမယ့် ရုံးမှာ အလုပ်လေးကျန်နေသေးတာမို့ ပြန်သွားဖို့ရာ  ကားစက်နှိုးလိုက်၏၊ ကားမောင်းနေရင်းလည်း ကောင်လေးအတွေးတွေသာ.... နေမကောင်းတဲ့ ကိုယ့်ကောင်လေးက မေမေ့ စကားနားထောင်ပြီး မြန်မြန်ပြန်ကောင်းလာမှ ဖြစ်မှာ.....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Chanyeol တစ်ယောက် မနက်နိုးကတည်းက အိမ်မှာ တက်ကြွနေ၏၊ အဖြေပေးပြီးကတည်းက မတွေ့ရတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ ။ ဒီနေ့တော့ သူ့မေမေက သူ့ကို အိမ်ပြန်ခွင့်ပြုပါပြီတဲ့။
ကောင်လေးက သူ့ အချိန်ပိုင်းအလုပ်ရော ကျောင်းရောနဲ့ နီးတဲ့ ဒီရပ်ကွက်လေးမှာ လာငှားနေတာကြောင့် ကိုယ်က အလုပ်ကအပြန် ဒီကို ခေါ်လာပေးရမည်ဖြစ်သည်။ အခုတော့ ရုံးချိန်ရှိသေးတာကြောင့် ကောင်လေးက သူ့မရီးနဲ့သာ ရုံးကို လိုက်ခဲ့မည်ဟုဆို၏။

ရုံးကို ခပ်စောစောရောက်သွားတော့ အစ်မက မရောက်သေး။ ဒီနေ့က ကိုယ်လိုက်ပေးနေတဲ့အမှု အမိန့်ချမယ့် ​နေ့လည်းဖြစ်သည်၊ ခိုင်လုံတဲ့ သက်သေတွေလည်း ကိုယ် ရှာပေးထားတာကြောင့် တရားလို ကိုယ်တွေဘက်က အသာစီးရနေ၏။ ဒါကြောင့် စိုးရိမ်စရာတော့မရှိပါ။

Healing LoveWhere stories live. Discover now