Healing Love (23) 🚨🚨

3.1K 376 38
                                    

Healing Love 🍁

Part-23

စာမေးပွဲအခန်းထဲ မဝင်ခင်အထိ အစ်ကို့အနားမှာ ရှိပေးခဲ့၏၊ ရေးဖြေပြီးတာနဲ့ နှုတ်ဖြေလည်း ရှိသေးတာမို့ တစ်နေကုန်နီးပါး ကြာနိုင်သည်။ ဒါကြောင့်  မနက်စာပါ ဝင်အောင်ခွံ့ပေးပြီးမှ စိတ်မလှုပ်ရှားဖို့ ကောင်းကောင်းဖြေခဲ့ဖို့ အတန်တန်မှာကာ ကျောင်းသို့ လာရသည်။

ဒီနေ့ အတန်းချိန်က ၁၀ နာရီခွဲမှ စမှာမို့ အခု ၉ နာရီက အတန်းထဲဝင်ရန် စောနေသေး၏။ အချိန်ကို အကျိုးရှိအောင် တစ်ခုခု​လုပ်ဖို့ စဥ်းစားလိုက်သည်။

Baekhyun တို့ တက္ကသိုလ်မှာ ဝါသနာတူလေးတွေ စုပြီး ဖွဲ့ထားတဲ့ အသင်းလုပ်ဆောင်မှုတွေ ရှိတယ်။ ဥပမာ piano club , traveling club, swimming club, climbing, voluntary servicing club ကအစ ရှိသည်။ Baekhyun က ပထမနှစ် ဒုတိယနှစ်ဝက်သာ ရှိသေးသည်မို့ piano club ကို ဝင်ထား၏။ ခရီးသွားရတာကိုလည်း ကြိုက်သူမို့ တတိယနှစ်လောက်ကျရင်တော့ ဝင်ဖို့ တွေးထားသည်။

ဒါကြောင့် အခု အချိန်ရတုန်းလေး ဆရာမ ပေးထားတဲ့ piano notes လေး ကျင့်ဖို့ တွေးမိကာ လေ့ကျင့်ရေးခန်းသို့ ဦးတည်လိုက်၏။ သို့သော် မိမိထက် အရင် လေ့ကျင့်နေသူများသာ ရှိတာမို့ စိတ်ညစ်သွားရသည်။ piano ၃ ခုက အမြဲ လုနေရတတ်၏။

" ညီ... လေ့ကျင့်မလို့လား ? လာလေ "

" ရပါတယ်ဗျ ... စီနီယာ လေ့ကျင့်ပြီးတဲ့အချိန်ထိ စောင့်ပါ့မယ် "

" ကိုယ်က ပြီးနေပြီ ... လာ "

ဆိုကာ စီနီယာအစ်ကိုက နေရာဖယ်ပေးသည်။ ဒီတော့လည်း ကျေးဇူးတင်စွာနဲ့ပဲ နေရာဝင်ယူလိုက်ရ၏။ သို့သော် ထိုစီနီယာအစ်ကိုက မသွားသေးဘဲ ဘေးမှာ ရပ်ကြည့်နေတာကြောင့်

" ဟို...စီ..စီနီယာဗျ "

" ဟင် "

" ကျွန်တော်က အခုမှ စတီးမှာ.... တလွဲတွေ တီးမိရင် ..."

" ညီ့ကို အစ်ကို သင်ပေးနိုင်ပါတယ် ... အစ်ကိုက လေးနှစ်ဆက်တိုက် သင်လာတာမို့ "

ဒါဆို ဒီ စီနီယာက နောက်ဆုံးနှစ်ကပေါ့။ ဒီလိုကျတော့လည်း တစ်ခုကောင်းပါသည်။ မဟုတ်ရင် ဆရာ မပြ နည်းမကျဖြစ်နေဦးမှာ ....

Healing LoveWhere stories live. Discover now