Healing Love (26)

1.7K 409 43
                                    

Healing Love 🍁

Part-26

မောင်းနေတဲ့ ကားက ရုံးကို ဦးတည်နေပေမယ့် လက်ထဲက ဖုန်းကတော့ Seoul University က ရှေးဟောင်းသုတေသနမေဂျာ ဌာနဆီ။ tutorial ဖြေရမယ်ဆိုတာ သိနေတော့ လိုက်သွားရင်ရော ကျောင်းမှာ တွေ့ရမှာတဲ့လား။

" ဟုတ်ကဲ့ ... seoul တက္ကသိုလ်ကပါရှင် "

" ဟုတ်ကဲ့ခင်ဗျ ... မေးစရာလေး ရှိလို့ပါ "

' ဟုတ်ကဲ့...ဘာများကူညီပေးရမလဲရှင့် "

" ရှေးဟောင်းသုတေသနဘက်က ကလေးတွေ tutorial ဖြေနေချိန်လားခင်ဗျ "

" ဟုတ်ပါတယ်ရှင်.... ၉ နာရီကနေ ၉ နာရီ မိနစ် ၅၀ အထိပါ "

" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ခင်ဗျ "

ဖုန်းပြန်ချပြီး ဘာဆက်လုပ်ရမလဲ စဥ်းစားရသည်၊ အခုချိန်လိုက်သွားဖို့ကလည်း အလုပ်တွေရှိနေတာမို့ အဆင်မပြေပါ။ ကောင်လေးက သူ့ကို ဘာများစိတ်ဆိုးသွားတာလဲ။

ရုံးရောက်တော့ အစ်မက ကြိုရောက်နေ၏။
ကိုယ့်ကို မြင်တော့ ပြုံးပြပေမယ့် ဒီအပြုံးက တစ်ခုခုဆိုတာလည်း ကိုယ်သိလိုက်သည်။

" ရောက်ပြီလား ငါ့မောင် "

" ဟုတ် အစ်မ "

နေရာမှာ ဝင်မထိုင်သေးဘဲ...

" အစ်မ ~~ "

" ဟေ...အေး ပြောလေ ငါ့မောင် "

" ကောင်လေးဆီက တစ်ခုခုများ ကြားမိသေးလား "

သူ မဝံ့မရဲမေးတော့ အစ်မက သူ့ကို အထူးအဆန်း ပြန်ကြည့်လာသည်။ ထို့နောက် ....

" ဟင့်အင်း ... မကြားမိဘူး ငါ့မောင် ဘာလို့လဲ "

" ဘာ..ဘာမှမဟုတ်တော့ပါဘူး "

ဆက်မမေးတော့ဘဲ သူ့ခုံမှာ ဝင်ထိုင်ဖို့ လုပ်တဲ့အခါ..

" ဒါနဲ့ ငါ့မောင် ... "

" ဗျာ "

" ငါ့မောင် မလာခင်က ရှေ့နေတစ်ယောက်နဲ့ လူကြီးတစ်ယောက် လာရှာသွားတယ် , ငါ့​မောင် မရောက်သေးဘူးပြောလိုက်တော့ ခဏနေ ပြန်လာခဲ့ပါမယ်တဲ့ "

ဆိုဟီးအဖေနဲ့ မနေ့က ရှေ့နေမှ ဟုတ်ပါလေစ ။

" ဟုတ် အစ်မ ... တကယ်လို့ သူတို့လာရင် ကျွန်တော် အစည်းအဝေးအခန်း ခဏသုံးမယ်နော် "

Healing LoveWhere stories live. Discover now