Healing Love 🍁
Part-30
အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာချနေ၏။ Baekhyun တစ်ယောက် တိုက်ခန်းမှာ Chanyeol ကို စောင့်ရင်း စိတ်လှုပ်ရှားနေသည်။ မီးဖိုချောင်ကနေ ဝရန်တာအထိ ခေါက်တုန့်ခေါက်ပြန် လျှောက်ကာ လက်ဆစ်များတောင် ချိုးမိနေ၏။၊ အသက်ရှုနှုန်းလည်း မြန်ကာ တစ်ကိုယ်လုံး ဂဏာမငြိမ်နိုင်။
ဒီနေ့က Chanyeol အောင်စာရင်း ထွက်တဲ့နေ့ ....
ကြည့်ပေးပါ့မယ်ဆိုတာကို သူပဲ ရှာကြည့်လိုက်ပါမယ်တဲ့။ သိချင်လွန်းလို့ ဖုန်းဆက်ကြည့်တော့ အလုပ်က ပြန်လာနေပြီမို့ စောင့်နေပေးပါ တဲ့လေ.... ပြန်လာနေပြီလို့ ပြောတာ လွန်ခဲ့တဲ့ မိနစ် ၄၀ လောက်က ဖြစ်ပေမယ့် ရုံးနဲ့ အိမ်ရဲ့ အကွာအဝေးက ဒီလောက် မကြာနိုင်တာကြောင့် စိတ်ပူမှုက နှစ်ဆဖြစ်၏၊
ထိုအချိန်မှာပဲ တံခါးဘက်ကနေ password ရိုက်သံ ကြားလိုက်ရတာကြောင့် Baekhyun တံခါးနားထိ လျှောက်သွားလိုက်သည်။ သူ စိတ်ပူနေတာ သူ အသိဆုံးပဲလေ။
" ပြန်လာပြီလား အစ်ကို "
အိမ်ထဲ ဝင်လာတဲ့ Chanyeol က မျက်နှာမကောင်း။ အလုပ်မှာ အဆင်မပြေလို့လား....ဒါမှမဟုတ် အောင်စာရင်းများ ....
" အင်း... မိုးရွာနေလို့ ကိုယ် နောက်ကျသွားတယ် "
" မျက်နှာလည်း မကောင်းဘူး ... ဘာဖြစ်လို့လဲဗျ "
" ဟင့်အင်း ~~~ "
ဆိုကာ အိပ်ခန်းထဲ ဝင်သွား၏။ ကိုယ်ပါ အနောက်က လိုက်ဝင်ပြီး သူ့မျက်နှာကိုသာ သေချာလိုက်ကြည့်နေမိသည်၊ သူ မဖြေချင်သေးတဲ့ မေးခွန်းမို့ ကိုယ်လည်း ဆက်မမေးချင်တော့တာပါ။
" ရေချိုးလိုက်ဦးမယ်...ကောင်လေးရော ချိုးပြီးပြီလား "
Shirt အင်္ကျီကို ကြယ်သီးတွေ ဖြုတ်လျှက် Baekhyun ကို လှည့်မေးလာ၏၊ Baekhyun ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် သူလည်း ဘာမှ ဆက်မပြောဘဲ ရေသွားချိုးတော့၏။သေချာနေပါပြီ...ဒီလောက်ဆို အစ်ကို စိတ်ညစ်နေပြီ။ အောင်စာရင်းသာ အဆင်ပြေရင် အစ်ကို ဒီလို ဝမ်းနည်းနေမှာမဟုတ်... အတတ်နိုင်ဆုံး နှစ်သိမ့် ခွန်အားပေးဖို့သာ တွေးထားမိတော့သည်။