Healing Love (32) 🚨

3.5K 390 66
                                    

Healing Love 🍁

Part-32

တစ်ညအိပ်ခရီးလေးပဲမို့ ၂ ယောက်စာ ပေါင်းထည့်တာတောင် mini luggage လေးနဲ့ လုံလောက်၏၊ Baekhyun က သူ့အိမ်မှာ​ကတည်းက လိုအပ်တာတွေကို ယူလာကာ Chanyeol အိမ်ကျမှ ၂ ယောက် ပေါင်းထည့်ကြခြင်းဖြစ်သည်။ အကြာကြီးနေမှ စိတ်ပြေလက်ပျောက် ခရီးသွားရမှာမို့ ကောင်လေးက ပုံမှန်ထက် တက်ကြွနေ၏။

ခါတိုင်း စနေနေ့ မနက်ဆိုရင် နေမြင့်တဲ့အထိ အိပ်တတ်တဲ့ ကောင်လေးက အခုတော့ ရေချိုးလိုက် အဝတ်အစားရွေးလိုက် လိုအပ်တာ ထပ်ထည့်လိုက်နဲ့ ပျာယာခတ်နေသည်။

" အစ်ကို ဘာဝတ်မှာလဲ... ကျွန်တော် တစ်ခါတည်း ထုတ်ပေးမယ် "

Chanyeol အိပ်ယာက ထကာ ရေချိုးခန်းထဲ ဝင်မယ်အလုပ် ဗီရိုဘက်ကို မျက်နှာမူထားတဲ့ ကောင်လေးက လှမ်းမေးတာဖြစ်သည်။

" ပေါ့ပေါ့ပါးပါးပဲလေ babe ... ကား အကြာကြီးမောင်းရမှာ  "

" ဟုတ်ကဲ့ "

ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်မှာ အဝတ်အစားက အဆင်သင့်။ ဂျင်းဘောင်းဘီနဲ့ T-shirt အဖြူလေးပဲ ဖြစ်ကာ သူနဲ့ ခပ်ဆင်ဆင်ဖြစ်သည်။ အလည်လေး။

အဝတ်အစားလဲကာ နေ့လည်စာစားပြီးတော့မှ ထွက်လာခဲ့ကြ၏။ အခု ၁၂ နာရီဆိုတော့ ညနေ ၄ နာရီ လောက်မှ ရောက်မှာဖြစ်သည်။

" အခု သွားတာက ဘယ်ကျွန်းလဲ အစ်ကို "

" Anmyeon ( အန်မြောင်န် ) ကျွန်းတဲ့ ... ကိုယ်လည်း အသိ ရှေ့နေက ပြောလို့ အခုမှ သွားမှာ "

အန်မြောင်န်ကျွန်းက ကိုရီးယားနိုင်ငံ အနောက်ဘက်စွန်းစွန်းမှာ ရှိပြီး ကမ်းရိုးတန်းဒေသမကျ ပင်လယ်ကျွန်းမကျ ဒေသလည်းဖြစ်သည်။ ညနေ ၆ နာရီလောက်ကတည်းက ကောင်းကင်မှာ ကြယ်တွေမြင်ရပြီမို့ နေဝင် တိမ်တောက်နေတဲ့အချိန်ဆိုရင် အရမ်းလှလွန်းလို့ ကြယ် ကြည့်ဖို့အတွက် နာမည်ကြီးသည်။ အခုလို ဆောင်းဦးရာသီမျိုးဆို ခရီးသွား များတတ်၏။

" ကျွန်တော် ပင်လယ်စာလည်း စားမှာနော် အစ်ကို့ "

" အများကြီးတော့ မစားရပါဘူး .... ဗိုက်နာမှဖြင့် "

Healing LoveWhere stories live. Discover now