Healing Love (28)

1.9K 396 54
                                    

Healing Love 🍁

Part-28

ညနေ ၆ နာရီလောက်မှ ရုံးဆင်းရတော့ ရုံးဆင်းဆင်းချင်း ကောင်လေးဆီ ဖုန်းဆက်ရသည်။ တစ်ခုခု စားချင်တယ်ဆိုရင်တောင် ကိုယ်တိုင် ဝယ်ပြီး ဘူချွန်းအထိ လိုက်ပေးရလည်း မမှုပါ။ ဒီကောင်​လေး ကိုယ့် အနားကနေ ထွက်မသွားဖို့ ဘာမဆို ကိုယ် လုပ်ချင်သည်။

ကားပေါ် မရောက်ခင်တည်းက ဖုန်းခေါ်လာတာ ကားပေါ်ရောက်တဲ့အချိန်ကျမှပဲ ကောင်လေးက ဖုန်းကိုင်၏။

" ပြော "

ဟယ်လိုတောင် မပြောတော့တဲ့ ဂျစ်ကန်ကန်ကောင်လေးက ကိုယ့်ကို တကယ်ကြီး စိတ်ဆိုးနေပါသည်။

" ဘယ်မှာလဲ ကောင်လေး... ညစာရော "

" အိမ်မှာ ... မစားရသေးဘူး "

" ညစာ ဘာစားချင်လဲ ... ကိုယ် လာပို့ပေးမယ်လေ ကောင်လေး ဟင်မ် "

" မရှိဘူး "

မေးတာပဲဖြေ၏။
နှုတ်ခမ်းဆူနေမယ့် ကောင်လေးကို သူ သိပ် ဖက်ထားချင်မိသည်။

" ဒါဆိုလည်း အောက်မှာပဲဖြစ်ဖြစ် ကိုယ့်ကို ဆင်းတွေ့နိုင်မလား ... ကိုယ် အခု လာနေပြီ .... နော် "

" အင်း "

" အင်း .. ဒါဆို ရောက်ရင် ဖုန်းဆက်လိုက်မယ်နော် "

ဆိုကာ ဖုန်း​ချသွား၏။ အသံကဖြင့် မလန်းတော့တာကိုများ ဘူ​ချွန်းအထိ လာနေသေးတယ်။ စောစော အနားယူတာ မဟုတ် !! သြော် ...ဒါလည်း ကိုယ်နဲ့တော့ဖြင့် မဆိုင်ပါ။

၇ နာရီလောက်ကျတော့ Chanyeol က ရောက်ပြီလို့ ဖုန်းဆက်လာသည်။ အမေဖြစ်သူကို အောက် ခဏဆင်းမယ်ဖြစ်ကြောင်း အသိပေးခဲ့ကာ Baekhyun အောက်သို့ ဆင်းလာ၏။ ထို့နောက် အပြင်ဘက် ကားပါကင်မှာ ရပ်ထားတဲ့ Chanyeol ကားဆီပဲ လျှောက်သွားတဲ့အခါ Chanyeol က ကားပေါ်က ဆင်း​လာသည်။

" လာ... အနောက်မှာ ထိုင်ရအောင် "

အပြင်မှာ ရာသီဥတု အေးတာကြောင့် အနွေးပေးစက် ဖွင့်ထားတဲ့ ကားအနောက်ခန်း ထဲမှာသာ ထိုင်ဖြစ်ကြ၏။ Baekhyun က ရှေ့တည့်တည့် လှည့်ထိုင်နေပြီး Chanyeol ကတော့ Baekhyun မျက်နှာလေးကို ကြည့်ဖို့ တစောင်းထိုင်နေသည်။

Healing LoveWhere stories live. Discover now