Healing Love (7)

1.5K 352 27
                                    

Healing Love 🍁

Part-7

' ခဏ​လောက် အောက်ကို ဆင်းခဲ့ပါဦး ' ဆိုတဲ့ ကောင်လေးရဲ့ စကားကြောင့် slipper စီးပြီးသာ ဆင်းလာခဲ့သည်။
အောက်ဆင်းမယ့်အတူတူ ဆေးလိပ်သောက်ဖို့ ဆေးလိပ်ဘူးတစ်ဘူးပါ လက်ကကိုင်ခဲ့၏။
အချိန်အားဖြင့် ည ၉ နာရီခွဲ ။

အောက်ရောက်တော့ smoking area ဆိုတဲ့ နားလေးမှာပဲ တိုက်အဝင်ဝဘက် မျက်နှာမူရပ်နေတဲ့ ကောင်လေး ။ ကျောပိုးအိတ်လေး လွယ်ထားတဲ့ ကောင်လေးက Adidas ဘောင်းဘီအမည်းနဲ့ အလယ်တန်းကလေးသာသာ။ ဒီကောင်လေး သူ့အပေါ် အရေးတယူရှိတာ ဘာလို့လဲ Chanyeol ရိပ်မိပါ၏။ မရိပ်မိရအောင် အချစ်မှာ အတွေ့အကြုံမရှိသူမှ မဟုတ်ဘဲ ။

" အစ်ကို ဆင်းမလာဘူးတောင် ထင်နေတာ "

" လုပ်စရာလည်းမရှိလို့ပါ .... ဘာကိစ္စရှိလို့လဲ ကောင်လေး "

" ဟင့်အင်း ... ဒါနဲ့ အစ်ကို သောက်ထားတာလား "

" အင်း...တစ်ငုံနှစ်ငုံလောက် "

" သြော်.... "

ထွေထွေထူးထူးလည်း မပြောတာကြောင့် အလကားသက်သက် ဆင်းလာမိတဲ့ ကိုယ့်​ကိုကိုယ်​သာ အပြစ်တင်မိသည်။ စိတ်ကလည်း ရှည်တာမဟုတ်တော့ ခက်လှ၏။

" ဘာမှမဟုတ်ဘူးဆိုလည်း ပြန်တော့လေ.... နောက်ကျနေပြီ "

ပြောချင်ရာပြောပြီး လက်ထဲက ဆေးလိပ်ဘူးရဲ့ ပလတ်စတစ်ခွံကို ခွာနေတဲ့ Chanyeol, ထို့နောက် တစ်လိပ်ထုတ်ကာ မီးညှိဖို့ မီးခြစ်ရှာနေသည်က ဟိုစမ်းသည်စမ်း....

" ဒီမှာ ... "

စမ်းပြီး ရှာနေပေမယ့် မတွေ့တာကြောင့် Baekhyun ကပဲ သူ့အတွက် ဆောင်ထားမိတဲ့ မီးခြစ်လေးကို မီး ခြစ်ကာ ကမ်းပေး၏။ ဒီတစ်ခါတော့ Chanyeol က Baekhyun မျက်နှာကို တစ်ချက်ကြည့်ပြီးမှ မီးလှမ်းတို့သည်။

Chanyeol ဆေးလိပ်သောက်နေတဲ့ ပုံကို ငေးကြည့်နေတဲ့ Baekhyun က ပါးမို့မို့လေးနှစ်ဖက်ပါ ရဲလို့။ မျက်လုံးထဲကပါ အချစ်တွေ လျှံကျမတတ် အကြည့်တို့ လွှတ်နေတာမို့ Chanyeol က ခပ်အမ်းအမ်းဖြစ်လာ၏။ ပေါ်တင်ကြီး ငမ်းနေတာလား ။

" အစ်ကို အသက် ဘယ်လောက်လဲဟင် "

" 27 "

" 6 နှစ်တောင် ကွာတာပဲ .. ကျွန်တော်က 21 သိလား အစ်ကို "

Healing LoveWhere stories live. Discover now