Healing Love (3)

1.5K 346 21
                                    

Healing Love 🍁

Part - 3

စိမ်းစိမ်းကားကား ဖုန်းချသွားလိုက်တာ ပြန်ခေါ်တာတောင် မကိုင်တော့ဘူး။ စာသင်ချိန် ခဏနားတုန်းလေး ဆက်လိုက်ရတာကြောင့် ထပ်ခေါ်ဖို့လည်း မအားတော့ပါ။ နေပေါ့ .... နောက်များမှ  Baekhyunee Baekhyunee လုပ်လို့ကတော့ Byun Baekhyun တို့က ချေပစ်မှာ !

Baekhyun က Seoul National University မှာ ရှေးဟောင်းသုတေသန မေဂျာရပ်ကို သင်ယူနေတဲ့ ဥာဏ်ကြီးရှင်အတတ်ကလေး။ တောင်ကိုရီးယားနိုင်ငံက အထက်တန်းကလေးတွေ ဒီ တက္ကသိုလ်ကို ဝင်ချင်လွန်းလို့ ၃ နှစ်နီးပါး မိဘရော ဆရာတွေပါမကျန် အသည်းအသန် ကြိုးစားရပေမယ့် Baekhyun ကတော့ အရမ်း မခက်ခဲခဲ့ပါ။ သူများထက် IQ မြင့်တယ်လို့တော့ မေမေက ပြောဖူးတယ်။

ကိုယ်တိုင် စိတ်ဝင်စားတဲ့ မေဂျာပဲမို့ စာသင်ချိန်လည်း မပျက်မကွက် အမြဲ လိုက်နားထောင်တော့ ကျောင်းဖွင့်တဲ့ ၁ လအတွင်း professor တွေရဲ့ သဘောကျမှုကို ခံရသူလည်းဖြစ်သည်။ သူ့ဘာသာသူ အေးအေးဆေးဆေး နေသူပဲမို့ အတန်းသားအချင်းချင်းကလည်း အရောတဝင်မနေမိ။ အကုန်လုံးက ဘက်စုံ ထူးချွန်ပြီးသား ကလေးတွေမို့ ပညာဂုဏ်ရှိတာလည်း ဖြစ်ကောင်းဖြစ်မည်။

" နောက်နှစ်ပတ်နေရင် report တင်ရတော့မယ်နော် .... ပြင်ဆင်ထားကြပါ ကလေးတို့ ! ဘယ်လိုရေးရမလဲ ပုံစံမသိရင် စီနီယာတွေဆီ မေးကြည့်တာဖြစ်ဖြစ် ကိုးကားတာဖြစ်ဖြစ် လုပ်နိုင်တယ် "

ပထမနှစ်ကလေးတွေမို့ စီနီယာတွေရော ဌာနအသီးသီးကပါ ဂရုစိုက်ပေးလို့ တော်သေးသည်။ မဟုတ်ရင် ယောင်လည်လည်ဖြစ်နေမှာ။
မနက်ဖြန် အလုပ်ရော ကျောင်းရော မရှိတာမို့ ဘူချွန်းပြန်ဦးမှပါလေ။

မသွားခင် ဒီညလေးတော့ အစ်ကို့ကို ထပ်တွေ့ချင်သေးတာ......

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အမေ ဆုံးသွားပြီးကတည်းက အဖေက နောက်အိမ်ထောင်တရားဝင်မပြုပေမယ့် အမျိုးသမီးတွေနဲ့ တွဲသားတွဲလာတော့ ရှိတတ်သည်။ ဒီသတင်း ဒီမြင်ကွင်းတွေဟာ အထက်တန်းကျောင်းသားအရွယ် ကောင်လေးအတွက်တော့ မနှစ်မြို့စရာ။ သို့သော်လည်း သူ မပိတ်ပင်မိ။ အဖေဆိုတဲ့ အသိနဲ့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံသလို အဖေကလည်း နွေးနွေးထွေးထွေးပါပဲ။

Healing LoveWhere stories live. Discover now