Healing Love (5)

1.4K 344 21
                                    

Healing Love 🍁

Part-5

ညဘက် ရေဆာရင်သောက်ဖို့ ဝယ်ထားတဲ့ မက်ဂျူတွေ ကုန်လုနီးပါးရှိပြီမို့ ထုံးစံအတိုင်း ဖုန်းနဲ့ ကဒ်ကို ယူကာ အောက်ဆင်းဖို့ ပြင်လိုက်၏။ အလုပ် လုပ်တုန်းက ရှာထားတဲ့ ပိုက်ဆံရယ်  company တစ်ခုမှာ ထည့်ထားတဲ့ ရှယ်ယာအနည်းငယ်ရဲ့ မစိုသလောက် အမြတ်ငွေလေးရယ်နဲ့ Chanyeol ရဲ့ စားဝတ်နေရေးက အဆင်ပြေပြေ လည်ပတ်နေပါသေးတယ်။

အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်တဲ့အခါ မမြင်ချင်ဆုံး မျက်နှာကို တွေ့လိုက်ရတာကြောင့် ရုတ်တရက် ဒေါသက ထောင်းခနဲပဲ။ ပြသာနာဖြစ်ပြီးကတည်းက လာမရှာတာ အခုဆို ၁ လနီးနီး ရှိရောပေါ့။ အခုမှ ဘာလို့!!!

" ခင်ဗျား  ထွက်သွား "

" စကားခဏလောက်ပြောရအောင် သား "

" ပြောစရာစကားမရှိဘူး ! သွားလိုက်တော့ "

ဆိုကာ အိမ်ထဲပြန်ဝင်ဖို့ တံခါးဆွဲပိတ်ချိန် ' ဆင်းလာတဲ့အထိ စောင့်နေမယ် ' ဆိုတဲ့ စကားသံကြားလိုက်ရတာကြောင့် Chanyeol တောက် ခေါက်ပစ်လိုက်သည်။ ဒီလိုအချိန်ဆို သူဟာ ဒေါသကို မထိန်းချုပ်နိုင်တဲ့ အထိ အသွေးအသားတွေ ပူစပ်လာရ၏။ ထို့နောက် အကြည့်တွေပါ ပြောင်းလာကာ လက်ရော လည်ပင်းက သွေးကြောတွေပါ ထောင်ထလာတော့သည်။

ပေါက်ကွဲပစ်လိုက်ချင်တာမို့ စားပွဲပေါ်မှာ ရှိတဲ့ ဖိတ်စာတစ်စောင်ကို ဆွဲယူကာ အကြမ်းပတမ်း အောက်သို့ ဆင်းသွား၏။ ၆ လွှာမှာပေမယ့် ဓါတ်လှေကားတောင် မသုံးမိ။

အောက်ရောက်လာတော့ တိုက်ရှေ့မှာပဲ ကားရပ်ထားကာ ထိုကားဘေးနားမှာ ရပ်စောင့်နေသူ။ ပါလာတဲ့ driver က ခပ်လှမ်းလှမ်းမှာ သွားရပ်စောင့်နေပေး၏။ အချိန်မနည်းတော့တာမို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကာ Chanyeol ရဲ့ အသက်ရှုသံ ပြင်းပြင်းကိုပဲ ကြားနေရသည်။ Chanyeol ကားနားအထိ လျှောက်သွားလိုက်ကာ ထိုလူ့ရင်ဘတ်ကို လက်ထဲက ဖိတ်စာနဲ့ ပစ်ပေါက်လိုက်၏။

မြေပြင်ပေါ် ကျသွားတဲ့ ဖိတ်စာလေးကတော့ အခု လက်ရှိ သူ့ဘဝပေါ့....

" ကြည့်လိုက် ခင်ဗျား !! ဒီ ဖိတ်စာကို ခင်ဗျား ယူကြည့်လိုက်စမ်းပါ ! ခင်ဗျားက ဘယ်နေရာမှာလဲလို့ ! ခင်ဗျား နာမည် ဘယ်နေရာမှာလဲလို့ ယူကြည့်လိုက်စမ်းပါ !!! တောက် ! ဟာကွာ "

Healing LoveTempat cerita menjadi hidup. Temukan sekarang