Healing Love (31)

2.1K 424 66
                                    

Healing Love 🍁

Part-31

မီးပွိုင့်မိနေတဲ့ ကားလေးထဲကနေ အပြင်ဘက်ကို ငေးကြည့်နေတဲ့ မိန်းကလေးတစ်ယောက်။ ကားက ဥပဒေကျောင်းဝင်းကြီးရှေ့မှာ ရပ်နေမိတာမို့ ရင်ထဲကနေ စူးပြီး အောင့်တက်လာသည်။ ကျောင်းအပေါက်ဝဘေးကပ်ရပ်က ကော်ဖီဆိုင်လေးရော အဆောင်ကိုသွားတဲ့ လမ်းတစ်လျှောက်ရောမှာ ကိုယ် ပြန်မြင်ယောင်နေမိတဲ့ ပုံရိပ်တွေ။

ပျော်ခဲ့ကြတယ် ...
ချစ်ခဲ့ကြတယ်...
သူငယ်ချင်းထက် ပိုတဲ့သံယောဇဥ်တွေနဲ့ တစ်ယောက်ဘေးမှာ တစ်ယောက် ရှိပေးခဲ့ကြတယ် ...

ငါ မှားခဲ့တဲ့ အမှားတစ်ခုက ငါ့ကို တစ်ဘဝလုံး သတ်နေတော့မယ်ထင်တယ်  Chanyeol...

လက်လွှတ်ဖို့ ခဲယဥ်းတယ်ဆိုတာ ညာတာမဟုတ်ဘူး။ အစစအရာရာ ပြီးပြည့်စုံတဲ့ ယောက်ျားကောင်းတစ်ယောက်ကို ဘယ်သူမှ လွယ်လွယ် အဆုံးရှုံးခံချင်မှာ မဟုတ်ဘူးလေ.... ငါ လည်း ထပ်တူပေါ့။

သူမ မျက်နှာ ညိုးလာတာနဲ့ကို ဘေးမှာ ထိုင်နေတဲ့ အမေဖြစ်သူက စိုးရိမ်မျက်ဝန်းတွေနဲ့ ကြည့်လာ၏။ လက်ဖမိုးပေါ် အုပ်မိုးပြီး ကိုင်လာတဲ့ လက်ဖဝါးနွေးနွေးကြောင့် သူမ ပြန်လှည့်ကြည့်လိုက်သည်။

" Chanyeol သတင်း ဘာကြားသေးလဲ အမေ "

" မပင်ပန်းဘူးလား ငါ့သမီးလေးရယ် ~~"

ဟင့်အင်း !
သူမကတော့ ဒါကို ပင်ပန်းရတယ်လို့ မမြင်ပါ။
စိတ်တည်ငြိမ်အောင် ဆရာဝန်နဲ့ ပြသနေရတာလည်း ပင်ပန်းတယ်လို့ မဆိုသာပါ။
Chanyeol အမုန်းတွေ ဥပေက္ခာတွေ ခံရမှသာ သူမ ပင်ပန်းတာ ....

" ဖြေပါ အမေ ... သမီး ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းနိုင်နေပါပြီ "

" မကြားမိဘူး သမီး ... သူက အမေတို့နဲ့ အဆက်အသွယ် လုံးဝမလုပ်တော့ဘူး , အမေဖုန်းဆက်ရင်တောင် မကိုင်တော့ဘူး "

သူမ သက်ပြင်းချကာ တစ်ဖက် ကားမှန်ဘက်သို့ လှည့်သွား၏။

" Chanyeol က သိပ်ပြတ်သားတာ ... သူ အသစ်တွေ့နေပြီထင်တယ် "

မျက်လုံးတွေ မှိတ်ချကာ ပြောလာတဲ့ စကားက နာနာကျင်ကျင် ။ ပြောစကားအရသာ လွယ်တာ... Chanyeol လို လူက သူချစ်မိသွားရင် အဲ့ဒီတစ်ယောက်ကိုပဲ စွဲစွဲလမ်းလမ်း ချစ်တတ်တဲ့ စရိုက်မျိုးဖြစ်သည် ။ တခြားသူနဲ့ ပတ်သက်မိတာမျိုး , သူ့ ခံစားချက်တွေကို ရှုပ်ထွေးသွားစေနိုင်တာမျိုးတွေ လုံးဝ ရှောင်၏။

Healing LoveWhere stories live. Discover now