REBIRTH

5.1K 326 21
                                    

ZAW

ဗြောင်ဘတ်ဟျွန်း အသက်၃၅နှစ်

ဘတ်ဟျွန်းဟာငယ်စဉ်ကထဲက မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။သူအသက် ၄နှစ်အရွယ်မှာ သူ့မိဘတွေက မိဘမဲ့ဂေဟာရှေ့မှာ စွန့်ပစ်သွားခဲ့ပြီး သူ့ဘ၀တစ်လျှောက်လုံး ဂေဟာမှာပဲ ကြီးပြင်းလာခဲ့ရတယ်။

သူလူမှန်းသိတတ်စအရွယ်မှာကတည်းက မိဘမဲ့ဂေဟာမှာပဲ ရှိနေတာမို့ သူ့ရဲ့မိဘအရင်းတွေအကြောင်း သူတစ်ကယ်ဘာတစ်ခုမှမသိဘူး။အဆိုးဆုံး နာမည်တောင်မသိဘူး။ဗြောင်မျိုးရိုးကတော့ မိဘမဲ့ဂေဟာမှာပစ်ထားခဲ့တုန်းက စာရွက်ပေါ်မှာရေးထားတဲ့ နာမည်ကြောင့်သာ ဗြောင်ဘတ်ဟျွန်းဟု ဖာသာကခေါ်ခဲ့တာ။

ဂေဟာမှာနေတုန်းက သူကောင်းကောင်းမနေခဲ့ရဘူး။အမြဲတမ်း တန်းတူကလေးတွေအပြင် ကျောင်းသားကြီးတွေဆီကပါ အမြဲ နှိပ်စက်အနိုင်ကျင့်ခြင်းကို သူခံခဲ့ရတယ်။စာသင်ခန်းထဲမှာ သူ့စာအုပ်တွေဆုတ်ဖြဲခြင်းခံခဲ့ရသလို။သူစားရမယ့် ထမင်းဟင်းပန်းကန်တွေကိုလည်း မှောက်ကျအောင်လုပ်ခံရတယ်။ထိုအချိန်ဆို ဂျောက်ချခံရတဲ့ ဘတ်ဟျွန်းက ဖာသာဆီမှ အမြဲအဆူခံရစမြဲပဲ။

သူ့ဘ၀တွေက ဒီတိုင်းပဲလည်ပတ်နေတယ်။အထက်တန်းအောင်ပြီးနောက်မှာ သူဂေဟာကနေထွက်လာခဲ့တယ်။အထက်တန်းတက်တုန်းက ကြိုးစားရှာဖွေခဲ့တဲ့ အချိန်ပိုင်းအလုပ်ဆီကရတဲ့ပိုက်ဆံအချို့နဲ့ တစ်ကိုယ်စာဝင်ဆန့်တဲ့ တိုက်ခန်းလေးကိုဝယ်ယူခဲ့တယ်။

သူ့ရဲ့ကံဆိုးမှုတွေက အရင်ကတည်းကဆိုပေမယ့် သူ့ဘ၀ကြီးကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်မိတာက တက္ကသိုလ်မှာ လူတစ်ယောက်ကို ချစ်ကြိုက်မိသွားတာကစတာပဲ။

ထိုလူနာမည်က ပတ်ချန်းယောလ်တဲ့
ဘတ်ဟျွန်းက ထိုလူကို အရူးအမူးချစ်မိသွားခဲ့တယ်။သူနားမလည်တဲ့ ပုစ္ဆာတွေထဲမှာ ပျော်မွေ့နေမိတာက သူ့စိတ်ထဲမှာချန်းယောလ်ကလည်း သူ့ကိုသဘောကျနေတယ်ဟုထင်မှတ်မိတယ်။

အချိန်တိုင်းလိုလို သူ့ကိုကြည့်နေတတ်တာတွေ။သူ့အတွက် မုန့်လေးတွေစားပွဲပေါ်လာတင်ပေးထားတာတွေ သူ့ကိုမြင်တော့ ပြုံးပြနေတတ်တာတွေထဲမှာ ဘတ်ဟျွန်းက ကောင်းကောင်းကြီးကျရှုံးသွားခဲ့တယ်။ဘတ်ဟျွန်းက ချန်းယောလ်ကိုဖွင့်ပြောခဲ့တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now