_18

1.7K 254 32
                                    

ZAW

ဒီနေ့က ပွဲတက်မယ့်နေ့...။
သူ့အနေနဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။
ချန်းယောလ်ရဲ့သူ့ကိုပထမဆုံးထုတ်တဲ့ပွဲဖြစ်နေလို့ပဲ။
သူကတော့ ခြေတွေလက်တွေ မငြိမ်ပဲ စိတ်လှုပ်ရှားလွန်းလို့
ချွေးစေးတွေတောင်ထွက်တယ်။

"သခင်လေး သခင်ကြီးက ၀တ်စုံပို့ခိုင်းလိုက်လို့ပါ"

"အင်း ထားခဲ့"

အလုပ်သမားကောင်မလေးလာပို့တဲ့ ဈေးကြီးပြီး အထက်တန်းဆန်ပုံရတဲ့ အနက်ရောင်suitလေးက ထင်းလို့။
သူ့အတွက်သီးသန့်မှာထားပေးပုံရတော့ ဘာရယ်မဟုတ်ရင်ထဲနွေးလို့။

မဟုတ်ဘူး။ချန်းယောလ်ဆီကျရှုံးလို့မဖြစ်ဘူး

ဘတ်ဟျွန်းခေါင်းခါကာ အကျီလေးကို ယူကြည့်တယ်။
ညနေ၆နာရီအပြီးပြင်ဆင်ရမှာမို့ စဉ်းစားမနေတော့ပဲ ယူဝတ်လိုက်တော့တယ်။သူ့ခန္ဓာကိုယ်နဲ့ ကွက်တိကျကာ
လိုက်ဖက်မှုရှိကြောင်းကို မှန်မှာဖော်ပြနေတာမို့နည်းနည်းတော့ ကျေနပ်သွားသည်။

အညိုရောင်ဆံပင်လေးတွေကို ဂျယ်လေးနဲ့ ပါးပါးလေးသပ်တင်ရင်း စိတ်ကျေနပ်သည်ထိ ပြင်ဆင်လိုက်သည်။
ဒီလိုဆိုတော့လည်း သူဟာချောတာပဲဟု ဂုဏ်ယူကာ ကိုယ့်ကိုကိုယ်ပြန်အမှတ်ပေးမိပြန်သည်။

သူ့အတွက် မွှေးပြန့်နေတဲ့ အနံ့လေးရဖို့ ရေမွှေးရှာပေမယ့် မရှိတာကြောင့် သူမျက်နှာလေးမဲ့သွား၏။အံဆွဲတွေကို ဟိုဟိုဒီဒီဖွင့်လှန်လျောရှာရင်း တစ်ခုကိုတွေ့သွားသည်။

သေနတ်?

လေးလံတဲ့ အနက်ရောင်ရောင်ပြေးသေနတ်က ဘာကြောင့် သူ့အခန်းထဲရောက်နေရတာလဲ။သူတစ်ချက်တွေးမိ၏။

ချန်းယောလ်အိမ်လာတည်းတဲ့ ဧည့်သည်တွေထဲက ကလေးတစ်ယောက်ယောက်ကများ သူ့ကစားစရာ သေနတ်ကို မေ့ကျန်ခဲ့တာလား။

ဒါလည်း နည်းနည်းတော့ဖြစ်နိုင်လေသည်။သူအခုအပိုင်စီးရထားသည့်အခန်းက အရင်က ဧည့်သည်တွေထားသည့်အခန်းဖြစ်သည်။

သူထိုသို့တွေးပြီး သေနတ်ကို ခါးကြားထိုးလိုက်တယ်။
ပွဲမှာလာရန်စရင် ကလေးသေနတ်မို့ ပစ်မရရင်တောင် လေးတာမို့ ကောက်ပေါက်လို့ရသည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now