_5

1.6K 233 10
                                    

ZAW

ဘတ်ဟျွန်းရဲ့ Projectအတွက် ဒီနေ့မှာပဲ အစည်းအဝေးစခဲ့တယ်။CEOမလာခင်ထိတော့ အထဲက ရှယ်ယာဝင်တွေက အပြစ်တင်ပြောဆိုကာ တီးတိုးပြောနေကြတယ်။

ဘတ်ဟျွန်းက လျစ်လျူရှုပြီးတော့ပဲ သူ့projectကို ပြန်ကြည့်နေတယ်။ကမ္ဘာပေါ်မှာ မမောနိုင်မပန်းနိုင် စကားအပြောနိုင်ဆုံးက လူတွေပဲ ဖြစ်မယ်။အဲ့လိုတွေ ဝေဖန်အပြစ်တင်ပြောဆိုမယ့်အစား အလုပ်ပိုလုပ်ပေးလိုက်ရင် ပိုအောင်မြင်လာအုန်းမယ်။ပွစိပွစိပြောတဲ့အသံတွေကြား သူထိုင်နေရာတာတောင် သူကိုယ်သူချဉ်လာပြီ။

CEOရောက်လာချိန်မှာတော့ အသံတွေတိတ်ကုန်တယ်။အပြောင်းအလဲမြန်လိုက်ကြတာ။CEOရဲ့ပြောစကားတွေက သူ့နားထဲရောက်တစ်ချက်မရောက်တစ်ချက် ဘတ်ဟျွန်းဆိုတဲ့ အသံကြားမှသာ သူစိတ်အာရုံထိကပ်လာတယ်။

"ဘတ်ဟျွန်းက ဆက်ရှင်းပြပါလိမ့်မယ်"

ဘတ်ဟျွန်းထိုင်နေရကာနေထကာ ပရော်ချက်တာရှေ့သွားရပ်လိုက်တယ်။လူတစ်စုကတော့ စိတ်မ၀င်စားသလိုသာ တခြားဘက်ကိုအာရုံထားကြတယ်။ချန်းယောလ်ကထိုအရာကိုတွေ့ပြီးစားပွဲခုံကို ခပ်ကြမ်းကြမ်းရိုက်ချပစ်လိုက်တယ်။သူ့ဆီကို အာရုံတွေထားကြပြီဆိုကာမှ သူရဲ့Projectအကြောင်းကိုစတင်မိတ်ဆက်လိုက်တယ်။

"ကျွန်တော်စဉ်းစားထားတဲ့ projectမှာ နွေရာသီဖြစ်တာကြောင့် နွေရာသီအငွေ့အဓာတ်ရစေမယ့် ဒီဇိုင်းကို အဓိကထားထားတယ်။ အိတ်သားကို မထူးမပါးအသားကိုပဲ ရွေးလိုက်တယ်။အဓိကက ကိုင်ရပေါ့ပါးလွယ်ကူတဲ့ အိတ်အမျိုးအစားပဲ ဒီနေရာမှာက&-$&&*$%&$%&#%"

ဘတ်ဟျွန်းရဲ့ တင်ပြမှုကို ရှယ်ရာဝင်တွေက ခေါင်းတစ်ညိတ်ညိတ်နှင့်။CEOက စားပွဲခုံကို လက်နဲ့တစ်တောက်တောက်ခေါက်ပြီးစဉ်းစားနေတယ်။ဘတ်ဟျွန်းရဲ့တင်ပြမှုက ပြီးဆုံးသွားတယ်။ရှယ်ယာရှင်တစ်ချို့က မယုံရဲတာကြောင့် တိတ်ဆိတ်နေကြတယ်။

"ကျွန်တော်ရဲ့ ဒီprojectမှာ ရှယ်ယာဝင်တွေ သဘောမကျတာတွေ ရှိရင်ပြောနိုင်ပါတယ်။ ပူးပေါင်းဖို့ မလုပ်ချင်လည်း CEOက အားလုံးကို တာဝန်ယူပါလိမ့်မယ်"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now