_6

1.6K 241 6
                                    

ZAW

ဘတ်ဟျွန်းဒီနေ့ကုမ္ပဏီရောက်ရောက်ချင်းမှာ သူကြိုတင်ခန့်မှန်းထားတာတွေ တွေ့လိုက်ရတာပါပဲ။Taxi တစ်စီးမှ ဌားလို့မရတာကြောင့် ဘတ်စ်ကားနဲ့ လာခဲ့တာ။အချိန်နောက်ကျမည်စိုးတာရောမို့ ပြေးလာခဲ့တာ။အခြေအနေတွေက သူထင်ထားတဲ့အတိုင်းပဲ။မောနေတာတွေတောင်  ရေသောက်စရာ မလိုပဲ ပျောက်သွားတယ်။

သူကုမ္ပဏီထဲ ၀င်ဝင်ချင်းမှာ ၀န်ထမ်းတွေရဲ့စောင်းရွဲ့ ပြောဆိုတာတွေ ကြားပြီးကတည်းက သူအခြေအနေကိုသိလိုက်ရတာပါပဲ။

သူဖြေးဖြေးချင်း ဋ္ဌာနဆီကို သွားလိုက်တယ်။ရုံးခန်းတံခါးဖွင့်ဖွင့်ချင်းမှာပဲ စာရွက်စာတမ်းတွေနဲ့ မျက်နှာကိုပစ်ပေါက်ခံလိုက်ရတယ်။စာရွက်တွေက များတာအပြင် ပစ်ပေါက်တဲ့ အရှိန်ကလည်း မနည်းတာမို့ မျက်နှာက ချက်ချင်းနီရဲလာတယ်။

"ဟမ့် လာရဲသေးတယ်"

သူအခြေအနေကိုခန့်မှန်းသားပြီးသားဖြစ်တာမို့ သူထွေထွေထူးထူး မပြောတော့ဘူး။

"ဘတ်ဟျွန်း CEO ခေါ်နေတယ်"

လမ်းကြုံလာပြောတာဟု ထင်ရတဲ့ အခြားဋ္ဌာနက ၀န်ထမ်းတစ်ယောက်ကို သူခေါင်းညိတ်ပြလိုက်ပြီး အထဲက လူတွေကို တစ်ချက်ကြည့်ကာ CEO ရုံးခန်းဆီ လျှောက်လာခဲ့တယ်။

"ဗြောင်ဘတ်ဟျွန်း မင်းကိုငါ အခွင့်အရေးပေးခဲ့တယ် အခုတော့ မင်းက မနာလိုစိတ်တွေများပြီး နောက်ထပ်အကြိမ် အခြားကိုရောင်းလိုက်တယ်ပေါ့"

ရောက်ရောက်ချင်းစွတ်စွဲတော့တာပဲ။

"ဟက်
သက်သေရှိလား"

"သက်သေ? မင်းရဲ့တုံးအတဲ့ ဉာဏ်နဲ့ ပြောမနေနဲ့ မင်းတော်တော်ငါ့ကိုမုန်းနေလား ဟမ်!"

"သက်သေ!"

"ဗြောင်ဘတ်ဟျွန်း!!"

"မင်းပြောစမ်း ငါလုပ်တာလို့ သက်သေရှိလား"

"မင်းလိုလူက တစ်ခါလုပ်ပြီးရင် နောက်ခါထပ်မလုပ်နိုင်ဘူးလို့တော့ ပြောမှမရတာ"

"ဒါဆိုလည်း တစ်ချို့က တစ်ခါယုတ်မာဖူးရင်  ထပ်မယုတ်မာနိုင်ဖူးလို့တော့ ပြောမှမရတာ"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now