_15

1.7K 246 8
                                    

ZAW

ဒီနေ့က ချန်းယောလ်ရဲ့ ကုမ္ပဏီပိတ်ရက်...။
အိမ်မှာပဲ သောင်တင်ဖြစ်တော့မယ်ဆိုတာ သူကြိုသိနေတယ်။
ခါတိုင်းလိုပါပဲ။ဘတ်ဟျွန်းနဲ့ ချန်းယောလ်ရဲ့ အိမ်တွင်းစစ်ကျတဲ့အချိန်ဆို အလုပ်သမားတွေမှာ ထိုင်ရမလို ထရမလို ခေါင်းမီးတောက်ရတယ်။

အလုပ်သမားတွေက ဧည့်ခန်းမှာ သည်းကြီးမည်းကြီး စာကြိုးစားနေတဲ့ သူတို့သခင်ကြီးကို ချောင်းကြည့်ကြတယ်။
သူတို့သခင်ကြီးက ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်တဲ့အရာတွေ ပြုလုပ်သင့်တဲ့အရာတွေကို ထိုင်ဖတ်နေတယ်။

သခင်ကြီးပတ်က သူ့ကလေးလေးကို အရမ်းချစ်ပုံရတယ်။

ဘတ်ဟျွန်းက ချန်းယောလ် အိမ်တော်မှာရှိတော့ အောက်ကိုသိပ်ဆင်းမလာတော့ပေ။ချန်းယောလ်က ဘာဖြစ်သလဲတော့ မသိပေ။ကိုယ်ဝန်ဆောင်တွေအကြောင်းကို ဖတ်နေရင်းမှ ဘတ်ဟျွန်းကို သွားခေါ်ခိုင်းသည်။

ဘတ်ဟျွန်းက ချန်းယောလ်ဆီက အခေါ်တော်ရတော့ စူပုတ်ပုတ်နဲ့ဆင်းလာသည်။ချန်းယောလ်က ဆင်းလာတဲ့ ဘတ်ဟျွန်းကို တည်တင်းနေသော မျက်နှာထားနှင့် ကြည့်ကာ ပြောလာတယ်။

"လမ်းသွားလျှောက်"

ဘတ်ဟျွန်းက နားမလည်နိုင်သလို အကြည့်တွေနဲ့ကြည့်ရင်း
မျက်မှောင်ကျုံ့တယ်။ချန်းယောလ် စိတ်ပျက်စွာ ကြည့်လိုက်ပြီး ထပ်ပြောတယ်။

"ဗိုက်ကြီးသည်တွေ လမ်းလျှောက်ပေးရတယ်"

ကိုယ်ဝန်ဆောင်လို့ပြောရင် ရပါရဲ့နှင့် ဗိုက်ကြီးသည်ဟု ရင့်သီးစွာပြောလိုက်တာကြောင့် ဘတ်ဟျွန်း မျက်မှောင်တွေပိုကျုံ့ရင်း စူးရဲစွာတစ်ချက်ကြည့်ပြီး အိမ်တော်အပြင်ဘက်ကို ကော့ပတ်ပတ်နဲ့ လျှောက်သွားတယ်။

ခြံကြီးကအလွန်ကြီးမားကာ ကျယ်ဝန်းသည်။ခမ်းနားထည်ဝါလှသော အိမ်တော်ကြီးနဲ့ လိုက်ဖက်ထည်ဝါစွာ တင့်တယ်လွန်းလှတယ်။
အလှစိုက်ထားသော မျိုးစုံတဖုံ ပန်းအလှတွေက မျက်စိအေးစေသလို လေပြေတိုက်ခတ်မှုကြောင့် ပန်းနံ့သင်းသင့်ပါရသည်။

ခြံအနောက်ဖက်တွင် ရေကူးကန်၊တင်းနစ်ကွင်းအပါအ၀င်
ဘတ်ဘော့ကွင်းတောင် ရှိသေးသည်။သခင်ကြီးပတ်၏ နေထိုင်ရာနေရာသည် လူလိုပဲ ထည်ဝါလွန်းလှသည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now