_22

1.7K 242 62
                                    

ZAW

ဘတ်ဟျွန်းဟာ ဆိုဖာပေါ်တွင် တီဗီကြည့်လျက်သာ
ပက်လက်လေး အိပ်ပျော်သွားတယ်။အိမ်တော်ထဲက
အလုပ်သမားတွေဟာ အလုပ်ကိုယ်စီရှိနေကြတာကြောင့်
ဘတ်ဟျွန်း ဇောက်ထိုးပက်လက်အနေအထားနှင့် အိပ်ပျော်
နေတာ သတိမထားမိကြပေ။

တန်ဖိုးကြီးကားတစ်စီးဟာ အိမ်တော် ပေါက်ဝရှေ့မှာ ထိုးရပ်လာတယ်။အထဲကနေ ဆင်းလာသူဟာ ဒီပတ်အိမ်တော်၏ အရှင်သခင် ပတ်ချန်းယောလ်ပင်။

ချွတ်ထားသော ကုတ်ကိုလက်တွင်ခေါက်ချိုးခေါက်လျက် သယ်ထားပြီး အိမ်တော်ထဲသို့ ၀င်ရောက်လာသည်။
မြင်မြင်ချင်းမြင်လိုက်ရတဲ့ ကားယားအိပ်နေတဲ့ ဘတ်ဟျွန်းကိုမြင်တော့ ချောမောခန့်ညားသော မျက်နှာထက်တွင် အလိုမကျမှုတွေ အထင်းသား။

ကျစ်စုတ်သတ်ရင်း ကားယားအိပ်နေတဲ့ ဘတ်ဟျွန်းနားခပ်တိုးတိုးလျှောက်သွားတယ်။နှဖူးပြင်ပြင်ကို လက်နှင့် အသာစမ်းကြည့်တော့ ကိုယ်ငွေ့က နည်းနည်းရှိသေးသည်။
ဒီတိုင်းနေရင် ထပ်ဖျားသွားမည်ဆိုးသည်ကြောင့် အခန်းထဲ သိပ်ရန် ပြင်လိုက်သည်။

ကားနေတဲ့ခြေထောက်လေး၂ဖက်ကို ပြန်စု၊လက်ထဲက ရမုကို စားပွဲပေါ်တင်ရင်း ကိုယ်လေးကို ပွေ့ချီလိုက်သည်။
အရင်ကပေါ့ပေါ့ပါးပါးခန္ဓာကိုယ်လေးက အခု အနည်းငယ်တော့ အလေးချိန်တင်လာသည်။
ချန်းယောလ်၏ လက်မောင်းသားတွေကြား ဘတ်ဟျွန်း၏ ခန္ဓာကိုယ်သေးသေးလေးက လိုက်ဖက်စွာ ရှိနေသည်။

သူပွေ့ချီလိုက်တာတောင် မသိပဲ ကောင်းမွန်စွာ အိပ်စက်နေသေးတဲ့ ဘတ်ဟျွန်းကို တစ်ချက်ကြည့်ပြီး အိမ်ပေါ်တက်ကို ပွေ့ချီလျက်ပင် တက်ခဲ့သည်။
အလုပ်လုပ်နေသော အိမ်တော်အတွင်းမှ အလုပ်သမားများဟာ သခင်လေးကိုပွေ့ချီလျက် အပေါ်တက်သွားတဲ့ သခင်ကြီးကို တစ်ချက်တစ်ချက် ခိုးကြည့်ကြသည်။

ပြီးလျှင် သူတို့ပြိုင်တူတွေးလိုက်ကြသည်။

သခင်ကြီးက မူနေလိုက်တာများ။ပြီးရင် သူပဲ ကွယ်ရာမှာ သဲသဲလှုပ်နေလိုက်တာကို။

အိပ်ခန်းထဲကို ချောချောချူချူဝင်လာရင်း နူးညံ့ကြီးမားသော king bed size မွေ့ယာကြီးပေါ်သို့ အိပ်စက်နေသော ဘတ်ဟျွန်းအား အသာအယာ တင်ပေးလိုက်သည်။
သိုးနေအောင် အိပ်နေသော ဘတ်ဟျွန်းက အခုချိန် သူတက်ပြီးလုပ်သွားတောင် နိုးလာမည့်ပုံမပေါ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now