_12

1.7K 237 37
                                    

ZAW

ချန်းယောလ်က ဘတ်ဟျွန်းပြောပြောပြီးချင်း အိမ်ပေါ်ကချက်ချင်းဆင်းသွားမယ်မှန်း မခန့်မှန်းထားဘူး။ခေါင်းမာလာတဲ့ ဘတ်ဟျွန်းကို သူအထူးအဆန်းဖြစ်နေတယ်။

ဒါလဲ သူ့ကိစ္စမဟုတ်ပါဘူး။ချန်းယောလ် တွေးပြီး ခေါင်းခါလိုက်တယ်။အခုတစ်လော ဘတ်ဟျွန်းအကြောင်းတွေကြီးပဲ တွေးမိနေတာ သူဘာရောဂါများရနေတာလဲ။

ကုမ္ပဏီကိစ္စတွေထဲတောင် သူ့စိတ်အာရုံကိုတော်တော်စူးစိုက်ထားရတယ်။ဘတ်ဟျွန်းက သူ့ကိုတော်တော်ကိုစိတ်ဒုက္ခပေးရတာ သဘောကျတယ်ထင်တယ်။ဟိုကအိမ်ပေါ်ကဆင်းသွားတာတောင် ၁ပတ်လောက်ရှိနေပြီကို။

လပ်တော့ပေါ်က ရိုက်နှိပ်နေတဲ့ ကြီးမားတုတ်ဆစ်တဲ့လက်ချောင်းတွေက တံခါးခေါက်သံကြောင့် ရပ်တန့်ကုန်တယ်။

"၀င်ခဲ့"

"ဟေ့ကောင်ရေးးးး"

အသံဗြဲလျှာဗြဲနဲ့ ရိရှင်းက သူများအိမ်မှာ အားနာရ တိတ်ဆိတ်ရကောင်းမှန်းမသိ။သူ့အိပ်ယာပေါ်တက်တာမကြိုက်တဲ့ ချန်းယောလ်က သူ့အိပ်ယာပေါ် ခြေမည်းကြီးနဲ့တက်တော့မယ့် ရိရှင်းကြောင့် အော်ဆဲလိုက်တယ်။

"တရုတ်ကောင် မင်းခြေထောက်ကြီးနဲ့မတက်စမ်းနဲ့"

ရိရှင်းက ခပ်မိုက်မိုက်ကြည့်ပြီး ကုတင်ပေါ်တင်မယ့်လေထဲကတန်းလန်းဖြစ်နေတဲ့ ခြေလှမ်းတွေပြန်ချလိုက်တယ်။

"ခွေးကောင် အပိုတွေ လမ်းမှာလူတစ်ယောက်က ငါ့ကိုတက်နင်းလို့ ၄ ၊၅ခါဆေးချလာတာ ငါ့ခြေထောက်လေးက ဖွေးလို့ ရှုမလား"

"ငါထရိုက်လိုက်မယ် "

ရိရှင်းကပြောရင်း ခြေထောက်ကြီးကပါ ချန်းယောလ်မျက်နှာရှေ့ထိုးပြလာသည်။ချန်းယောလ်က ဘေးနားက ကော်ဖီမရှိတော့သည့် ခွက်ကိုကိုင်ကာရွယ်လိုက်ရင်းပြောလာသည်။

"နေပေါ့"

ရိရှင်းက မဲ့ကာ ပြောရင်း ချန်းယောလ်ရဲ့အလုပ်လုပ်နေသည့် စားပွဲနားယောင်လည်လည်နှင့် တိုးကပ်လာသည်။

"ရော့ဖိုင်"

ချန်းယောလ်က ရိရှင်းကသူ့အခန်းထဲရောက်လာတာပဲသိတယ်။လက်ထဲဘာပါခဲ့သလည်း သေချာမကြည့်မိခဲ့။စားပွဲပေါ် ပစ်ချလာတဲ့ ဖိုင်ကိုကောက်ဖွင့်ကြည့်လိုက်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now