_2

2K 264 13
                                    

ZAW

ဘတ်ဟျွန်းနိုးလာတော့လည်း စတိုခန်းထဲမှာပဲ ရှိနေသေးတယ်။မနက်ခင်းမိုးလင်းပြီဖြစ်တာကြောင့် ညကလို မှောင်မဲ မနေတော့ပေမယ့်လည်း အနည်းငယ်ပေါက်နေတဲ့ နံရံအပေါက်သေးသေးလေးဆီက လာတဲ့ နေရောင်ခြည်အလင်းသဲ့သဲ့ကြောင့်တစ်ကိုယ်စာလင်းရုံလေးတင်အလင်းရတယ်။

ညတုန်းက သူထွေးပိုက်အိပ်စက်ခဲ့လို့ သဏ္ဍာန်မရှိသေးတဲ့ ပါးပါးကလေးလေးက နွေးထွေးနေမယ်မဟုတ်လား။ဗိုက်ပေါ်ကအထိအတွေ့ကို သူခံစားကြည့်တယ်။လက်ဆီက ခံစားမှုတစ်စုံတစ်ရာမရှိသေးပေမယ့် စိတ်ထဲမှာ သူ့ရင်သွေးဆိုသည့် အသိနဲ့တင် သူက ကြည်နူးမှုအပြည့်ပဲ။

ညကအတိုင်း အခုထိသော့ခတ်ထားဆဲဖြစ်နေသေးတဲ့ တံခါးပေါက်ကြောင့် သူစိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။စတိုခန်းဟူသည့်အတိုင်း အသုံးမလိုတော့သည့် ပစ္စည်းအပျက်တွေနဲ့ ပြည့်နေကာ ပြတင်းပေါက်ဟူသည်မရှိ။သူတစ်ညလုံး အသက်ရှုမကျပ်သွားသည်ကိုသာ သူကျေးဇူးတင်ပါတယ်။

ပတ်ချန်းယောလ်ဟာ ဤသို့သောနှလုံးသားမရှိသည့် လူသားပင်။

ဘတ်ဟျွန်းက ငုတ်တုတ်လေး တံခါးလာဖွင့်ပေးမယ့် အချိန်ကိုစောင့်နေတယ်။တော်တော်ကြာသည်အထိ လာဖွင့်မပေးတဲ့ တံခါးကြောင့် သူ့ရဲ့သည်းခံနိုင်မှု အတိုင်းအတာဟာ သတ်မှတ်ဒီဂရီအမှတ်ကိုကျော် လွန်သွားပြီ။

အားပါပါနဲ့ တံခါးကိုစောင့်ကန်ပြီးနောက်မှာ ဒုန်းကနဲအသံနဲ့အတူ သူခြေထောက်တစ်ဖက်က ပါ ထုံကျဉ်သွားတယ်။

စိတ်ပျက်ပျက်သာဆဲဆိုပြီး ခေါင်းက ဆံပင်တွေဆွဲဖွလိုက်တယ်။သူ့အကြံက အောင်မြင်သွားတယ်။အိမ်တော်ရဲ့ အလုပ်သမားခေါင်းဆောင်က သူ့ရဲ့အသံကြောင့် တံခါးကိုဖွင့်လာတယ်။

သူ့ကိုမြင်တော့ မဲ့ရွဲ့သွားပြီး တံခါးပြန်ပိတ်ဖို့လုပ်တော့ ဘတ်ဟျွန်းကလည်း အမိအရပင် လက်နဲ့ တံခါးကိုထိန်းကာလိုက်တယ်။ပတ်ချန်းယောလ်ရဲ့ အနှိမ်ခံ အမုန်းခံသူက အိမ်တော်ရဲ့အလုပ်သမားတွေထံကပါ မထိမဲ့မြင် အနိုင်ကျင့်ခြင်းကိုခံရတယ်။ပတ်ချန်းယောလ်က သိပေမယ့်လည်း မသိချင်ယောင်ဆောင်နေတယ်။ဒီဘ၀မှာတော့ ငါ့ကိုလာလုပ်လို့မရဘူး။ထိုအသေးအမွှားလေးတွေက သူမှတ်ထားတဲ့ နံပါတ်စဉ်ထဲမပါဘူး။ထိုနံပါတ်စဉ်ထဲမှာ အဓိက ပစ်မှတ်တွေကိုပဲ သူကထားတာ။ဒါပေမယ့် ဒီလို အရံလေးတွေကိုလည်း သူက အလွတ်မပေးဘူး။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now