_9

1.6K 235 20
                                    

ZAW

မနက်ခင်းရဲ့ အရသာအပြည့်အ၀က သူ့နံေ
ံဘေးမှာ ခြုံလွှမ်းနေတယ်။အချိန်မှန် တစ်ဂွီဂွီနဲ့ ဆန္ဒပြလာတဲ့ ဗိုက်ကြောင့် မြန်မြန်ဆန်ဆန်လေး ထကာ နေ့စဉ်ပြုလုပ်ရမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို စတင်ပြုလုပ်တယ်။

မနေ့က၀ယ်လာတဲ့ မုန့်အချို့က အိတ်ထဲမှာ အသင့်အတိုင်းရှိနေပြီး အချို့ကတော့ မုန့်အခွံတွေ အိပ်ယာနံဘေးမှာ ပြန့်ကျဲ ပွစာနေတယ်။

အပျင်းကြီးလွန်းလို့ ကောက်မသိမ်းပဲ အမှိုက်တွေကို ကျော်ခွသွားလိုက်တယ်။ကပိုကရို ဖြစ်ကာ ရှုပ်ဖွာလန်နေတဲ့ ဆံပင်က
ငှက်ကလေးတွေအတွက် အသိုက်အမြုံလေးဖန်တီးပေးထားတဲ့ အတိုင်း။

လက်နဲ့အသာလေး ဖိချလိုက်တယ်။ဗီရိုထဲက ထုတ်ဝတ်ထားတဲ့ တွန့်ကြေနေတဲ့ အကျီလေးကို လက်ကလေးနဲ့ ဆွဲဆန့်ကာ တစ်နေ့တာကို စတင်ဖို့အတွက် အခန်းထဲက ထွက်လာခဲ့တယ်။

မနက်စာအတွက်ကတော့ ပေါင်မုန့်ကြမ်းလေး၂ခုကို လက်ကကိုင်ပြီး စားပွဲပေါ်က နွားနို့ဗူးအသေးလေးပါ သယ်လာခဲ့တယ်။

ဒီလိုက သူ့အတွက် မနက်စာကို ဖြည့်စွက်ဖို့လုံလောက်ပြီ။
လောဘကြီးပြီး အများကြီးပြင်ထားတဲ့ ဟင်းပွဲတွေကို ပြင်ဆင်ထားလည်း အချိန်တန်အမှိုက်ပုံးထဲပဲ သွန်ပစ်ရမှာပဲ။

အထက်တန်းစားသိပ်ဆန်ချင်ကြတဲ့လူတွေက ဦးနှောက်သိပ်မရှိကြဘူး။ဟမ့်!

"ကိုကို~"

စိတ်ပျက်ဖွယ်အသံချွဲကြီးကို သူစတင်ကြားလိုက်ရပါတယ်။
ခေါ်ဆိုပြီး စွဲသွားတဲ့ အသံကြီးက ထိုမိန်းကလေးရဲ့ ဆွေစဉ်မျိုးဆက် ခုနစ်ဆက်လောက် ရှည်လျားနေပြီ။

အပေါက်ဝမှာ ကျက်သရေမရှိတဲ့ မျက်နှာတွေက တွေ့ရတာက
သူ့အတွက် ကံဆိုးမှုပါပဲ။တစ်ကိုယ်လုံး ချန်းယောလ်ပေါ်တက်မတတ် ဖြစ်နေတဲ့ ထိုမိန်းကလေးရယ်။ရုပ်တည်ကြီးနဲ့ရပ်နေတဲ့ အိမ်ကြီးရှင်သူ့ယောကျာ်း ပတ်ချန်းယောလ်ရယ်...။

သူမမြင်ချင်လွန်းလို့ကျော်သွားပေမယ့် ငြိမ်ငြိမ်မနေချင်ကြဘူး။

"အို ဘတ်ဟျွန်းရှီသွားတော့မလို့လား "

"အင်း"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now