_35

1.5K 185 12
                                    

ZAW

အဆင့်မြင့်ဆေးရုံကြီးတစ်ခုထဲတွင် ပူပန်သောကနှင့်
ပြာယာခတ်နေသော လူတစ်ဦးရှိလေ၏။
ဆေးရုံ ခွဲစိတ်ခန်း၏ ရှေ့တွင် ထိုင်မရ ထမရနှင့်
စိတ်ပူပန်နေမှုသည်ထိုလူ၏ မျက်နှာထက်တွင်
ထင်ရှားစွားပေါ်လင်နေလေ၏။

"ကောင်းကောင်းထိုင်နေစမ်းပါ ပတ်ချန်းယောလ်ရာ ငါ့မျက်စိတောင်နောက်လှပြီ"

"ကျန်းရိရှင်းပြောစမ်း သူအဆင်ပြေနေလား"

"ငါဘယ်သိမလဲကွ ငါခွဲရတာမှမဟုတ်ပဲ "

"ဟူးးး!"

ချန်းယောလ်လေပူတွေကိုခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း ရှိသမျှဘုရားတွေအား ဘတ်ဟျွန်းအဆင်ပြေနေဖို့သာ ပတ်ဆုတောင်းတော့သည်။ယောကျာ်းလေးကိုယ်ဝန်ဆောင်ဆိုတော့ နည်းနည်းတော့ အခက်တွေ့နေမှာ စိုးရိမ်စရာပင်။

ခွဲခန်းအတွင်းမှထွက်လာသော ဆရာဝန်တစ်ဦးကြောင့်
ချန်းယောလ် ဘယ်ပြန်ညာပြန်လျှောက်နေရာမှ အလောတကြီး ထိုဆရာဝန်နားကပ်ကာ အခြေအနေကို မေးမြန်းလိုက်သည်။

"အဆင်ပြေရဲ့လား"

'စိုးရိမ်စရာမရှိပါဘူး ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် အမွှာမွေးပါတယ်။လူကြီးရော ကလေးရောကျန်းမာပါတယ်။သန့်ရှင်းရေးတွေလုပ်ပြီးတဲ့အခါ သီးသန့်ခန်းကိုပို့ပေးလိုက်ပါ့မယ်။လောလောဆယ် လူကြီးကတော့ ပင်ပန်းဒဏ်ကြောင့် ခဏမှေးနေတယ်။"

"ကျေးဇူးပါ Dr"

ချန်းယောလ်ဘ၀မှာ ဒီနေ့ကအပျော်ဆုံးဟူ၍ပင် ကမည်းတင်တော့မည်။သူ့အတွက် အဖိုးမဖျက်နိင်တဲ့ ရတနာလေးတွေပေးခဲ့တဲ့ ချစ်ရသူကိုလည်း တစ်ဘ၀လုံးစာကျေးဇူးတင်မိသည်။

ခွဲခန်းအတွင်းကနေကြားရတဲ့ အူဝဲအုဝဲဆိုသော ကလေးအော်ငိုသံတွေကြားရပြီးနောက် သူကတော့ စစ်ပွဲ၁၀၀လောက် အောင်နိုင်သိမ်းပိုက်နိုင်ခဲ့ပြီးသလို။

ကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်လိုက်ရပြီ။
အဖေဖြစ်ပြီဆိုတဲ့ အသိနောက်။ဒယ်ဒီဟု ခပ်ချွဲချွဲခေါ်သံလေးတွေကြားရဖို့ အနာဂတ်ကိုတောင် သူကျော်ခွသွားချင်ပြီ

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now