ZAW
"သခင်လေး သခင်ကြီးကခေါ်ခိုင်းလိုက်လို့ပါ"
ဘတ်ဟျွန်းမှန်ထဲကနေမြင်နေရတဲ့ နည်းနည်းအယောင်ရော့သွားပြီဖြစ်တဲ့ သူ့နှုတ်ခမ်းလေးကို ကိုင်ကြည့်နေတုန်း အိမ်တော်ထဲက အလုပ်သမားတစ်ယောက်၏ စကားကြောင့် အဖြေပြန်ပေးလိုက်၏။
"အင်း အင်း"
နည်းနည်းဟိုထောင်ဒီထောင်ဖြစ်နေတဲ့ ဆံပင်အချို့ကို ခေါင်းဘီးလေးနှင့် ဖြီးချပြီးနောက် တွေ့ရာအကျီကောက်စွတ်ကာအခေါ်တော်ပါးသော လူထံ သွားရောက်ရန်ပြင်လိုက်သည်။သူမသိလို့ မေးချင်သည်။ကုမ္ပဏီကို သူက မသွားတော့တာလားဟုပင်။ဒီရက်ပိုင်း သူသိသလောက်ကတော့ အိမ်တွင် ထိုလူ ပတ်ချန်းယောလ်အား ခဏခဏ မြင်နေရသည်။
ဘတ်ဟျွန်း ခေါင်းခြောက်ခံစဉ်းစားမနေတော့ပဲ သူ၏ ခြေစုံရပ်တန့်သွားရာ တံခါးရှေ့၌ အနည်းငယ် တံခါးခေါက်လိုက်သည်။
အထဲက သြရှရှအသံဖြင့် '၀င်ခဲ့' ဟုဖြေသံကြားမှ အသာလေးတံခါးဖွင့်ကာ အထဲကို ၀င်လာခဲ့သည်။မှတ်မှတ်ရရ အရင်ဘ၀က သူ့ကိုခေါ်တော်လွှတ်တုန်းက တံခါးမခေါက်ပဲ ၀င်လာလို့ ၃ရက်တိတိထမင်းမကျွေးခဲ့တာ အမှတ်ရခဲ့သေးသည်။
"ထိုင်!"
အသင့်ရှိနေသော ချန်းယောလ်၏ မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ်တွင် အမိန့်စကားအတိုင်း အသာလေးထိုင်လိုက်သည်။ချန်းယောလ်က Laptopပေါ် စာအချို့ရိုက်ရင်းမှ သူဆီသို့ မျက်လုံးတစ်ချက်လှန်ကြည့်ရင်း ဘေးနားကစာအိတ်တစ်ခုကိုအေးလာသည်။
"ဘာလဲ"
"ကြည့်ရင်သိမယ်"
ဘတ်ဟျွန်းလည်ချောင်းပေါ်ထိုးတက်လာတဲ့ ဒေါသတွေ ပြန်မြိုချရင်း စာအိတ်ကိုဖွင့်လိုက်သည်။ ဖိတ်စာတစ်စောင်ဖြစ်၏။
"မင်းကိုယ်တိုင်ဒီဇိုင်းဆွဲပြီးထုတ်တဲ့ အိတ်ကို အနောက်နိုင်ငံ စီးပွားရေး ပညာရှင်တွေက သဘောကျကျလို့ မင်းကို ပွဲတစ်ပွဲဖိတ်ထားတာ။အစက ငါတစ်ယောက်တည်းဆိုပေမယ့် မင်းကငါ့လက်ထပ်ထားတဲ့လူဆိုတာ သိတော့ မင်းကိုပါတစ်ခါတည်း ခေါ်ပြီးပွဲတက်ဖို့ ဖိတ်ထားတယ် မင်းငါနဲ့လိုက်ခဲ့ရမယ်။"
YOU ARE READING
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️