_FINAL

2.6K 184 12
                                    

ZAW

5years Later....

"အယ်ရီ! သိပ်မဆော့နဲ့လေ"

ဘတ်ဟျွန်းက အရိပ်ရသစ်ပင်ရဲ့ အောက်ကဒန်းလေးမှာ ထိုင်ရင်း ပြေးလွှားဆော့ကစားနေသော အယ်ရီအား စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်လေ၏။

ဘေးနားက ငြိမ်သက်စွာ စာဖတ်နေလေသာ အယ်ရိုအားလည်း စောင်းငဲ့ကြည့်လေရင်း သက်ပြင်းတို့ကခပ်ဖွဖွချမိ၏။
မိန်းကလေးဖြစ်သော အယ်ရာဟာ အဆော့အလွန်မက်ကာ
ယောကျာ်းလေးတစ်ယောက်ဖြစ်သော အယ်ရိုကတော့ အဆော့ကစားကို အာရုံမထား။တိတ်ဆိတ်စွာ အမြဲတမ်း ခပ်အေးအေးနေလေ့ရှိလေသည်။

"ပါးပါး"

ဆော့ရတာ မောသွားသော အယ်ရီဟာ ဘတ်ဟျွန်းဆီပြေးလာရင်း အမောဖြေလေတယ်။ချွေးစဆို့နေသော အယ်ရီ၏ နှဖူးလေးအား ဘတ်ဟျွန်းက တစ်ရှုးလေးဖြင့် ဖွဖွလေးသုတ်ပေးနေရင်း ဆိုတယ်။

"သမီးငယ်..နေပူနေပြီ မဆော့နဲ့တော့"

"အာ ပါးပါးကလည်း သမီးက ကျောင်းပိတ်တုန်းလေး ဆော့ရတာကို"

" ပါးပါးပြီးရင် ချိုချဉ်ကျွေးမယ်လေ "

"တစ်ကယ်လား ပါးပါး"

"အွန်း ဒယ်ဒီမသိစေနဲ့နော်"

"ဟုတ်ဟုတ် ခစ်"

အယ်ရီဟာ ချိုချဉ်ဆိုသော အသံကြားသည်နှင့် မျက်လုံးအရောင်လေးတွေ လင်းလက်လာကာ ထိုပုံစံကား ဘတ်ဟျွန်းနှင့်
အရမ်းတူလေ၏။

"အချစ်လေးတွေ!"

အိမ်ထဲကထွက်လာသော ချန်းယောလ်ဟာ ကုတ်ကုတ်နှင့် သစ်ပင်ရိပ်အောက်တွင် နေနေကြသော သူ၏သည်းသက်ညှာ အချစ်ကလေးတွေအား လှမ်းအော်လိုက်သည်။
နွေရာသီကျောင်းပိတ်ရက်တွင် ချန်းယောလ်တို့သည် ဂျယ်ဂျူဒိုရှိ သူ၏အပန်းဖြေစံအိမ်တွင် ရောက်နေကြသည်။

ချန်းယောလ်က ခေါ်သံကြောင့် ဘတ်ဟျွန်းဟာ ကလေးတွေကို လက်တစ်ဖက်ဆီဆွဲလေရင်း ချန်းယောလ်ဆီပြေးလာလေသည်။ကင်မရာကိုင်ထားသော ချန်းယောလ်နား အပြေးရောက်လာကြလေနေပြီး ချန်းယောလ်က အယ်ရိုလေးအား ကောက်ပွေ့ချီလိုက်သည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Opowieści tętniące życiem. Odkryj je teraz