_14

1.7K 249 42
                                    

ZAW

ဘတ်ဟျွန်းရဲ့စိတ်အခြေအနေက အတိအကျသိပ်မရှိဘူး။
အခုဝမ်းနည်းနေရင် စက္ကန့်ပိုင်းလောက်အတွင်းလည်း ပျော်သွားတတ်တာပဲ။ပျော်နေရာကနေ ဒေါသထွက်တတ်သလို။တစ်ခါတစ်လေတော့လည်း စိတ်အားငယ်ပြန်ရော။

"ပုစွန် ပြီးတော့ ရေခဲမုန့်လေးရော အာ နောက်ပြီး အမဲသားလေးကို ကင်ပေး အော် မေ့တော့မလို့ ကြက်ဥလိပ်ကလေးနဲ့
စတော်ဘယ်ရီလေးပါ လုပ်ပေးပါလား"

ဗိုက်ကလေး ပတ်ဘတ်ဟျွန်းက မီးဖိုခန်းရှေ့မှာ ကုတ်ကုတ်လေးရပ်နေပြီး သူစားချင်သမျှကို မှာကြားနေတယ်။
ချန်းယောလ်က ကုမ္ပဏီကိုသွားဖို့ လက်တစ်ဖက်က အိတ်ကိုကိုင်ရင်းဆင်းလာတော့ ဘတ်ဟျွန်းကိုတွေ့တယ်။

ဒီရက်ပိုင်း ထမင်စားဖို့ အတော်မပြောရတော့တာ တော်သေးတယ်။ဖောင်းပြီးပူလာတဲ့ ဗိုက်က ကလေးကြောင့်လား စားသောက်နေရတာကြောင့် ၀ိတ်တက်လာတာလားတော့ မသိဘူး။

"သခင်ကြီး အဆင်သင့်ဖြစ်ပါပြီ"

"အင်း"

ဘတ်ဟျွန်းက သခင်ကြီးဆိုတဲ့ အသုံးအနှုန်းနဲ့ ခေါ်သံကြောင့် မျက်မှောင်ကျုံ့ကြည့်လာတယ်။ပြီးတော့ တစ်ခုခုကိုစဉ်းစားမိပြီးသိပ်မပူသေးတဲ့ ဗိုက်ကိုကော့ပြီး ချန်းယောလ်အနားလျှောက်လာတယ်။

"Mr.ပတ် ကျွန်တော်အလုပ်ဝင်ချင်တယ်"

"ဗိုက်တစ်လုံးနဲ့လူကို ငါအလုပ်မခန့်ဘူး"

ထိုစကားကြောင့် ဘတ်ဟျွန်းက စိတ်တိုသွားသလိုရှိတယ်။ရင်ဘက်ကိုကော့ ၀တ်ထားတဲ့ အကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်ပြီး ပြောတယ်။

"ဒီမှာ သခင်ကြီးပတ် ခင်များပဲ ကျုပ်ကို အိမ်မှာအကျယ်ချုပ်ချထားတာလေ ကျုပ်ကအလကားနေနေတာမဟုတ်ဘူး ဘာမှသုံးစားမရတဲ့လူမှတ်နေတာလား မရဘူး အလုပ်ပြန်လိုချင်တယ်"

ဘတ်ဟျွန်းရဲ့ မိန်းမကြီးလို ခါးကိုထောက် စကားလုံးတွေအဆက်မပြတ်ပြောလာတဲ့ စကားကြောင့် ချန်းယောလ်ကစိတ်ရှုပ်သလို ကျစ် စုတ်သတ်တယ်။

"ဒီမှာ မင်းအလုပ်လုပ်မနေနဲ့ မင်းအိမ်မှာပဲ စားသောက်ပြီးသာအေးဆေး ကလေးကိုဂရုစိုက် မင်းအလုပ်လုပ်တဲ့လစာအတိုင်း မင်းကိုပေးမယ်"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now