_17

1.7K 239 16
                                    

ZAW

ဘတ်ဟျွန်းက ကြိတ်ပြီး သူ့အခန်းထဲမှာ အစီအစဉ်တွေချနေတယ်။၃ယောက်တစ်ပြိုင်နက်ထဲဆိုတော့ အလုပ်ကနည်းနည်းတော့ ရှုပ်သည်။ကင်ဂျုံအင်ကလည်း ရောက်မလာသေး မနက်ဖြန်ဆို ပွဲနေ့ရောက်နေပြီ။သူကတော့ ဖင်တကြွကြွနဲ့ပင်။

"သခင်လေး ဧည့်သည်ရောက်နေပါတယ်"

တံခါးခေါက်သံအပြင် အလုပ်သမားတစ်ဦးရဲ့လာပြောတဲ့ စကားကြောင့် သူအပြေးလေးအောက်ဆင်းသွားလိုက်သည်။အိမ်ရှေ့ပေါက်ဝတည့်တည့်မှာ လွယ်အိတ်ကြီးလွယ်ပြီး ရပ်နေတဲ့ ဂျုံအင်ကို ဂုတ်ကနေဆွဲ သူ့အခန်းထဲခေါ်လာခဲ့သည်။

"ပါလား"

"ရော့"

ဂျုံအင်က သူ့အိတ်ထဲက ပလတ်စတစ်ပတ်ထားသော အိတ်တွေကို ထုတ်ပေးလာသည်။ဘတ်ဟျွန်းမျက်နှာကရွှေထုတ်ကြီး ပိုက်ရလိုက်သလို ဖြစ်သွားသည်။

"ဘာတွေလဲ"

"ဆား"

ဘတ်ဟျွန်းမျက်နှာက ထရိုက်သတ်ချင်နေတဲ့ ပုံဖြစ်သွားသလို ဂျုံအင်ကလည်း နှုတ်ခမ်းကြီးမဲ့ပြသည်။

"ငါပိတ်တီးလိုက်ရ"

"မင်းမှာတာ ဘိန်းမလား ဘိန်းမပါလို့ ငါကဂျုံတွေယူလာရမှာလား"

အမြင်ကပ်ကပ်နဲ့ပြောလာတဲ့ ဂျုံအင့်စကားကြောင့် သူစိတ်လေတဲ့ပုံလုပ်ပြလိုက်တယ်။

"မင်းပြန်တော့"

ပေကပ်နေသေးတဲ့ ဂျုံအင်က ဘတ်ဟျွန်းကို မျက်နှာသေနဲ့
လက်မနဲ့လက်ညိုးနှစ်ခုကို ပူးကပ်ပွတ်ပြရင်း ပြောတော့ ဘတ်ဟျွန်း ထဆဲလိုက်တယ်

"နောက်မှပေးမယ်"

"FU*K ??"

ဂျုံအင် ဆဲလိုက်တယ်။သူ့ပစ္စည်းတွေယူပြီး ပိုက်ဆံမပေးချင်လို့ရမလားဟ။

"အော ဒါနဲ့အဆိပ်ပုလင်းရောပါလား"

"အေး မင်းမပြောခင်ကတည်းက ငါပါလာတဲ့ အဆိပ်နဲ့ မင်းပါးစပ်ထဲထိုးထည့်တော့မလို့"

စိတ်လေစွာပြောရင်း အကျီကြားထဲဖွတ်လာတဲ့ လက်သန်းလောက်ရှိတဲ့ ပုလင်းလေးကို ထုတ်ပေးလိုက်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now