_36

1.4K 164 3
                                    

Z

"အူဝဲ အူဝဲ အွဲ အွဲ"

"နေပါအုန်း ခဏလောက်စောင့်ပါအုန်း ပိစိရယ်"

ကျန်းရိရှင်းနှင့် ဂျုံအင် ကလေး၂ယောက်ကြားတိုင်ပတ်နေလေ၏။ရိရှင်းက ကလေးအနှီးလေးအားလျှော်ရင်း ဂျုံအင်က နို့မှုန့်ဖျော်နေလေသည်။နို့ဆာနေသော ကလေးငယ်မှာ အေယ်ငိုနေလေတော့ ဂျုံအင့်ခမျာ မဖျော်တတ်ဖျော်တတ်တဲ့ ဖျော်ထားတဲ့နို့မှုန့်ဘူးကိုကိုင်ထားရင်း ထိုင်ငိုချင်စိတ်တောင်ပေါက်တယ်။

"လာပါပြီ လာပါပြီ အယ်ရီလေးရယ် ငိုမနေပါနဲ့တော့"

ဂျုံအင်က မီးဖိုခန်းကနေ အပြေးထွက်လာရင်း အော်ငိုနေသော ကလေးငယ်အနားစွေ့ကနဲရောက်လာလေသည်။အော်ငိုနေသော ကလေးမှာ လက်ထဲနို့ဘူးရောက်လာမှ ငြိမ်လာတော့သည်။

"ဘွတ်"

"ကျန်းရိရှင်းရေ!!!!"

"ဘာလဲ!!!"

"ဘွတ်ဘွတ်ဟေ့ လာခဲ့ပါအုန်း"

"ဟမ်!!!လာပြီဟေ့လာပြီလာပြီ"

ကျန်းရိရှင်း အနှီးတစ်ခုလျှော်လို့မှမပြီးသေး ထပ်ပါလိုက်သာ
ပတ်ချန်းယောလ်သားလေးကြောင့် အ၀တ်လျှော်နေရာကနေထရင်း လာရပြန်ပြီ။

"အယ်ရို မင်းတော်တော်ချီးပါနိုင်တာပဲ ဘယ်ဘ၀ကအစားစုံတွေ ဒီမှာလာထုတ်နေတာလဲ"

"ခစ်ခစ်"

ရိရှင်းက ကလေးအညစ်အကြေးတွေကို သန့်စင်ရင်း အောက်အနှီးတွေလဲပေးကာ ဖင်တုံးနီနီလေးအား ပေါင်ဒါမုန့်သိပ်ရင်း ပြောတော့ အယ်ရိုလေးက သဘောတကျတစ်ခစ်ခစ်ရယ်၏။

"ရယ်ပါ ရယ်ပါ ငါ့မိန်းမတောင်မယူရသေးဘူး မင်းတို့ကတော့ ခိုင်းစားပေါ့"

ခစ် ခစ်

ရိရှင်းက ရယ်ပဲရယ်နေသော သကောင့်သားကလေးလေးအား ဂျိုကစ်လိုက်တယ်။ဂျုံအင်တစ်ယောက်ကတော့ ဘယ်တုန်းကကျက်ထားမှန်းမသိတဲ့ ၀က်ဝံလေး၃ကောင် သီချင်းဆိုရင်း အယ်ရီလေးအား ချော့သိပ်နေလေ၏။

"အိပ်တော့ ဟုတ်ပြီလား အော်ဝဲ၀ဲအို~~"

ကျန်းရိရှင်းက ဂျုံအင့်လို သီချင်းတွေဘာတွေမရတော့ ပါးစပ်ထဲရှိသမျှ သံစဉ်တွေနဲ့သာ အော်ဆိုရင်း ချော့သိပ်လိုက်၏

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now