_26

1.8K 230 19
                                    

ZAW

ချန်းယောလ်မနက်ခင်းနိုးထလာတဲ့အခါ..
ပြောင်ရှင်းနေသော ဘေးနေရာကွက်လပ်နှင့် ညကထွက်လာတဲ့ အညစ်အကြေးတွေသာ အိပ်ယာခင်းပေါ် စွန်းထင်လျက်ရှိတယ်။

တစ်ပြိုင်နက် ဗိုက်ပူပူလုံးလုံးဘတ်ဟျွန်းမရှိတာတွေ့တော့ မျက်မှောင်တွေက အော်တိုကျုံ့ပြီးသားပဲ။အိပ်နေရာကနေချက်ချင်းထပြီး ရေချိုးခန်းတံခါးကိုဖွင့်လိုက်တဲ့အခါ ပြောင်ရှင်းနေသော ရေချိုးခန်းပတ်ဝန်းကျင်ကိုသာ မြင်တွေ့ရတယ်။

"ပတ်ဘတ်ဟျွန်း!! ပတ်ဘတ်ဟျွန်း!"

မနက်အစောကြီးချန်းယောလ်က စွဲကပ်ညှိနေတဲ့ အညစ်အကြေးတွေတောင် မသန့်ရှင်းရသေး။အတွင်းခံဘောင်းဘီတစ်ထည်ကိုကောက်ဝတ်ရင်း အခန်းပတ်ပတ်လည်လိုက်ရှာနေသည်။

*တောက်!*

တောက်တစ်ချက်ခေါက်လို့ ရေချိုးခန်းထဲဝင်ရင်း သန့်ရှင်းရေးလုပ်ရေချိုးပြီး အကျီတစ်ထည်ကောက်ဝတ်ကာ ဘေးနားဆိုင်က အခန်းထဲကို တံခါးမခေါက်ပဲ ၀င်သွားလိုက်တယ်။

တွန့်ရာမရှိပဲ ပြောင်ရှင်းနေတဲ့ အိပ်ယာလေးရယ်...။
အလုံပိတ်ထားတဲ့ ပြတင်းပေါက် မှန်တံခါးတွေရယ်။
ငြိမ်သက်စွာရှိနေတဲ့ အခန်းပတ်ဝန်းကျင်ရယ်..။

ကျစ် စုတ်သတ်ရင်း အောက်ကိုဆင်းလာတော့ အိမ်တော်ထိန်းက လှေကားတွင် ရပ်စောင့်နေသည်။

"သခင်ကြီး သခင်လေးပျောက်နေလို့"

"ဘာ!!"

"ဟုတ်ကဲ့ သခင်လေးက ပုံမှန်တိုင်းဒီအချိန်ဆို ဆင်းလာနေကြပေမယ့် အခုဆင်းမလာတော့ အခန်းသန့်ရှင်းရေးလုပ်တဲ့ အလုပ်သမားတစ်ယောက်ပြောတာက အခန်းထဲမှာလည်း မရှိပါဘူး သခင်ကြီး ခြံအနှံ့ အိမ်အနှံ့ရှာပြီးပါပြီ သခင်လေးပျောက်နေပါတယ်"

*တောက်!"

ချန်းယောလ်၏ ဒေါသတကြီးတောက်ခေါက်သံကြောင့်အိမ်တော်ထိန်းပါမက ဘေးနားက အလုပ်လုပ်နေသည့် အလုပ်သမားတွေကပါ တုန်တက်သွားသည်။

ချန်းယောလ်အပေါ်ထပ် ဘတ်ဟျွန်းအခန်းဆီပြန်တက်သွားရင်း ဗီရိုကို ဖွင့်ဆွဲလိုက်သည်။တစ်ထည်မျှတောင် မကျန်တော့သည့်အကျီတွေရယ်။လွတ်နေတဲ့ ချိတ်တွေရယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now