_16

1.7K 226 12
                                    

ZAW

သူဒီနေ့တော့ အပြင်ထွက်ခွင့်ရတယ်။ဘာလို့လည်းတော့
သူမသိပေမယ့် ချန်းယောလ်အပြင်ထွက်ခွင့်ပေးထားတယ်။
အဲ့ဒီတော့ သူလည်း ရတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချခဲ့တယ်။သူ့နောက်မှာ ကိုယ်ရံတော်တွေက အတူလိုက်ပါလာတယ်။

သူကတော့ ပထမဆုံး အကိုလုဟန်ဆိုင်ဆီသွားလိုက်တယ်။
ဆိုင်ဒီဇိုင်းလေးက သူမလာတဲ့ နေ့တွေအတွင်း တော်တေည်ပြောင်းလဲသွားတယ်။

"အယ် ဘတ်ဟျွန်း လာလာ အကို့ဆီမလာတာတောင် ကြာပြီ"

"စိတ်မဆိုးပါနဲ့ အကိုလုဟန်ရာ ကျွန်တော်လည်း အကျယ်ချုပ်မိနေလို့ပါ"

"အေးပါ ဒါနဲ့ အကိုပြောရအုန်းမယ်။ဟိုတစ်နေ့က အကို့ဆီ လူတစ်ယောက်ရောက်လာတယ်။မင်းနေခဲ့တဲ့အိမ်လေးကို ငါ့ဆီပိုက်ဆံအပြည့်ပေးဝယ်သွားတယ်"

"ဘယ်သူလဲ အကိုလုဟန်"

"အဲ နေပါအုန်း ဘယ်သူပါလိမ့် အော သိပြီ ပတ် ချန်း ယောလ် ပတ်ချန်းယောလ်တဲ့ "

ဘတ်ဟျွန်းမျက်နှာက နားမလည်နိုင်သလို ဖြစ်သွားတယ်။
သူ့နေရာလေးတောင် ရန်လာရှာသေးတဲ့ ပတ်ချန်းယောလ်က ဘာဖြစ်ချင်နေတာလဲ။ပြီးတော့ အိမ်ကို အကိုလုဟန်ဆီက ၀ယ်ထားတာရော ဘယ်လိုသိတာလဲ။ပိုက်ဆံအပြည့်မပေးရသေးတာရော ဘယ်လိုသိသွားတာလဲ

"အား သိပြီ မင်းယောကျာ်းမို့လား!!!"

အတွေးနွံထဲနစ်နေရာမှ အလန့်တကြား လက်ဖျောက်တီးပြီး ပြောလာတဲ့ အကိုလုဟန်ကြောင့် သူထခုန်မိမတက်လန့်သွားတယ်။

ဘတ်ဟျွန်းမချိုမချဉ်မျက်နှာဖြင့် လည်ပင်းကိုပွတ်နေလိုက်တယ်။အကိုလုဟန်က ပြုံးစစဖြင့် ရှေ့တိုးလာကာ

"ဘတ်ဟျွန်း မင်းယောကျာ်းရကံကောင်းလိုက်တာ"

အကိုလုဟန်ရဲ့စကားကြောင့် သူအငွေ့ပျံချင်သွားတယ်။
သူဒီနေရာမှာ ဆက်မနေရဲတော့ဘူး။ဒါကြောင့် အကြောင်းပြချက်ကောင်းကောင်းပေးပြီး ထထွက်လာတယ်။သူဆက်ရှိနေသေးရင် ရှက်လွန်းလို့ သေရချည်ရဲ့။

ဘုတ်!

ပြေးထွက်လာခဲ့မိတာ လူတစ်ယောက်ကို တိုက်မိသွားတာတောင် မသိ။ဟိုဘက်က အားဘယ်လောက်သန်လည်း မသိ။သူတော့ ယိုင်ထိုးပြီး အ ကနဲညီးညူမိတယ်။
တော်သေး။လဲကျလုဆဲဆဲ သူ့ကိုနောက်က ကိုယ်ရံတော်တွေ အပြေးလေးလာထိန်းပေးလို့။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now