ZAW
ဘတ်ဟျွန်းနိုးလာတော့ နေမွန်းတည့်ရောက်နေပြီ။
အောက်ပိုင်းဆီက စေးကပ်ကပ်အညစ်အကြေးတွေမခံစား
ရတော့ ညက ချန်းယောလ်သန့်ရှင်းရေးလုပ်ပေးသွားတယ်ထင်တယ်။အိပ်နေရာမှ ထထိုင်တောင် ကျောရိုးတစ်လျှောက်စူးရှသွားတဲ့နာကျင်မှုအပြင် ခါးဆီက နာကျင်မှုတွေ...မသက်သာစွာပဲ အော်ညီးမိသွားတယ်။အခုဒီလို ခံစားရမယ်
ဆိုတာသိရင် ညကချန်းယောလ်ကို အလိုမလိုက်ခဲ့ပါဘူး။"မောင့်အသည်းနိုးလာပြီလား"
"အင်းးး"
အသံရှည်ဆွဲရင်း အခန်းထဲဝင်လာတဲ့ ချန်းယောလ်ကိုဖြေလိုက်တယ်။စိတ်လည်း မဆိုးရက်တော့။ဆန်ပြုတ်ပန်းကန်နဲ့ချန်းယောလ်က မျက်နှာလေးရှုံ့မဲ့နေသော ဘတ်ဟျွန်းနား လာထိုင်ရင်း ကိုယ်အပူကိုစမ်းလေတယ်။
"ကိုယ်တော့မပူဘူး နာနေသေးလား"
"ဘာတွေမေးနေတာလဲ ရှက်စရာကောင်းအောင်"
နာကျင်နေသည့်ကြားထဲမှ ချန်းယောလ်ကိုအော်လိုက်တယ်။
နောက်တစ်ခါပါဆိုရင်တော့ ဘတ်ဟျွန်းတို့ကတော့ နိုးပါပဲ။"ဟားဟား မစတော့ပါဘူး လာမောင်ကိုယ်တိုင်ပြုတ်ထားတဲ့ ဆန်ပြုတ်လေး"
ဘတ်ဟျွန်းက ချန်းယောလ်ဆီမျက်လုံးစွေရင်း မယုံသင်ကာကြည့်ကြည့်လာတယ်။ချန်းယောလ်က ဆန်ပြုတ်ပူပူလေးအား တစ်ဖူးဖူးမှုတ်ရင်း...
"ဘာလို့လဲ အသည်း"
"မသိပါဘူး မင်းလိုလူက ဒီလိုတွေလုပ်တတ်တယ်ဆိုတော့"
"ဟက်! ကိုယ့်ကိုအထင်သေးနေတာပဲ"
"မသေးပါဘူးနော် အ့"
ဘတ်ဟျွန်းဖြေရင်း တစ်ချက်လှုပ်လိုက်တော့ ခါးဆစ်ပိုင်းက နာကျင်သွားတာကြောင့် ညီးလိုက်တယ်။
ချန်းယောလ်ကစိုးရိမ်စိတ်နဲ့ အရှေးတိုးလာတော့ ဘတ်ဟျွန်း
နောက်ကိုနည်းနည်းဆုတ်မိသွားတယ်။"ဆေးသောက်ရအောင်"
"ဟင့်အင်း"
"ကိုယ်မကြမ်းချင်ဘူးနော်"
စိုးရိမ်ဂရုဏာတွေကြောင့် ချန်းယောလ်လေသံက အနည်းငယ်မာသွားတယ်။ဒါပေမယ့် ဘတ်ဟျွန်းက သူ့ကိုအော်တယ်ဟုထင်မှတ်ကာ မျက်ရည်လေးအနည်းငယ်ဝဲသွားတယ်။
YOU ARE READING
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️