_24⚠

2.2K 232 17
                                    

ZAW

(This Part is a warning!!!⚠
It is up to you to decide whether or not to read it, as it contains sexually explicit material)

...........

ခြင်္သေ့ခံတွင်းအောက် သွားလက်ယားမိသော ဘတ်ဟျွန်းဟာ အခုတော့ ခြင်္သေ့စားတာ ခံရတော့မည်။ပါးစပ်ပိတ်ခံလိုက်ရသော ဘတ်ဟျွန်းမှာ နူးညံ့သဖွယ်ရှိသော ကြမ်းတမ်းသည့် အနမ်းတွေကြားမှာ အရှုနိုင်မကယ်နိုင်။

တွန်းဖယ်လာသော ဘတ်ဟျွန်း၏ လက်နှစ်ဖက်အား သူ၏ သန်မာသော လက်တစ်ဖက်တည်းဖြင့် ချုပ်ကိုင်လာကာ အနမ်းတို့ကို ပုံဖော်လေသည်။

တစ်ဖက်က သူ့လက်နှစ်ဖက်ကို ထိန်းချုပ်ထားသလို တစ်ဖက်ကလည်း တွန်းကန်နေသည့် သူ၏ခေါင်းကို ထိန်းကိုင်ထားသည်။

မိုးတွေက ပိုသည်းလာပုံရပြီး ကြမ်းရှရှနှင့် စွဲမက်စရာ အနမ်းနွံထဲ သူနစ်စပြုလာတော့မည်။မောဟိုက်လာကာ အသက်ရှုမ၀လာတော့သည့် သူ့ကိုသတိထားမိပုံ ချန်းယောလ်က နှုတ်ခမ်းတွေကို အလွတ်ပေးလာ၏။

ပါးစပ်လေးဟကာ အမောဖြေနေတဲ့ ဘတ်ဟျွန်းကို ကြာကြာတောင် အချိန်မပေးခဲ့ပေ။နှုတ်ခမ်းလွှာကြားမှတစ်ဆင့် ထိုးဖောက်ဝင်လာသော ပူနွေးနွေးလျှာအထိအတွေ့ကြောင့် ခေါင်းမီးတောက်ကုန်သည်။

ပြင် ပြင်သစ်အနမ်းတွေ။ချိုချဉ်စုတ်သလို စုတ်ယူနေတဲ့အပြင် ဘတ်ဟျွန်းဟာ ဒီညအတွက် လွတ်လမ်းမရှိတော့တာ သေချာနေလေပေသည်။

အလွှတ်ပေးလိုက်တဲ့ ဘတ်ဟျွန်း၏ နှုတ်ခမ်းတွေက ဟစိဟစိလေးဖြစ်နေလေသည်။အနည်းငယ်သာရသောမီးရောင်ဖျဖျအောက်မှာ ဘတ်ဟျွန်း၏ စိုစွတ်နေသော နှုတ်ခမ်းလွှာ လေးပေါ်တွင် ငွေမျှင်တမ်းလေးတွေ ရစ်တွဲနေသည်။

ကပိုကရို ဖြစ်နေသည့် အကျီကြောင့် မြင်နေရသော ဖွေးဝါနေသော အသားနုနုမှာ လာပါလာပါဟု ဖိတ်ခေါ်နေသယောင်။

မလွှဲဧကန်ဆိုမည်။ယခု မီးရောင်ဖျဖျအောက်တွင် အခုပုံစံဖြင့် ဘတ်ဟျွန်းသည် သိပ်လှနေသည်။

ချန်းယောလ်၏ သိမ်းငှက်တစ်ကောင်လို စူးရှနေသည့် အကြည့်တွေဟာ ဘတ်ဟျွန်း၏ ခန္ဓကိုယ်ပေါ်တွင် စုံချီဆန်ချီပြေးလွှားနေလေတော့ ဘတ်ဟျွန်း၏ ပါးပြင်မှာ ပူနွေးမှုကို ခံစားနေရသည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now