_13

1.7K 246 61
                                    

ZAW

ဘတ်ဟျွန်းရဲ့ဘ၀က နေချင်းညချင်း ပြောင်းလဲသွားသလို။
အရင်ကဆို အိမ်တော်ရဲ့အလုပ်သမားတွေ အပါအ၀င်ချန်းယောလ်ဆီကိုက အနှိမ်ခံ အနှိပ်စက်ခံနေရတဲ့သူက အခုတော့ တော်ဝင်မင်းသားတစ်ပါးကို စံနေရတဲ့ဘ၀ကိုရောက်သွားသည်။

ဒါတွေအေပါ် သူမသာယာဘူး။ဒါတွေက သူ့အတွက်ဖြစ်တည်လာခြင်းမဟုတ်တဲ့ ချန်းယောလ်ရဲ့သူ့သွေးသားလေး ဘာမှမဖြစ်ဖို့အတွက် ရည်ရွယ်ထားတာတွေပဲ။

"ဘတ်ဟျွန်း ထစား"

လေသံတွေက မာထန်နေတုန်းပဲ။ချန်းယောလ်နဲ့ ဘတ်ဟျွန်းဆက်ဆံရေးဟာ အရင်အတိုင်းပဲ။

"မစားဘူး"

ဘတ်ဟျွန်းရဲ့ နေ့စဉ်လက်သုံးစကားဟာ 'ဘူး 'စကားတွေပဲ။
ဘတ်ဟျွန်းကလည်း မာနခပ်ကြီးကြီး အကျောတင်းတင်းနဲ့ ချန်းယောလ်ကလည်း စိတိမရှည်တတ် ဒေါသကြီးတတ်တာတွေနဲ့တော့ တွေ့ကြပြီ။

အိမ်တော်မှာ နေ့စဉ် ဘတ်ဟျွန်းထမင်းစားဖို့ ပြောရသည့်အချိန်တွင် တတိယကမ္ဘာစစ်ဖြစ်နေသလို။ပြောမရရင် ချန်းယောလ်က နမ်းပြီးကျွေးတတ်တာမို့ ဘတ်ဟျွန်းကို မလှုပ်ဖို့ ချုပ်ထားရသည့်သူတွေဆို ရှက်ရှက်နဲ့ မျက်နှာလွှဲထားရကြတယ်။

"ချုပ်ထားကြစမ်း"

ဘတ်ဟျွန်းက ချုပ်ထားဆိုတဲ့စကားနောက်မှာ နှုတ်ခမ်းတွေနဲ့ ထမင်းကျွေးခံရမှာ ကြောက်တော့သည်။

"ဖယ် ကိုယ့်ဘာသာကိုယ်စားမယ်"

စိတ်ညစ်ညစ်နဲ့ဘတ်ဟျွန်းက ထမင်းကိုအကုန်ထိုးသွတ်တော့တယ်။ပြီးပြီးရော စားပစ်လိုက်တာမို့ ဘာတွေပါသွားသလဲ မမြင်မိလိုက်ပေ။

နှာခေါင်းဝတိုးဝေ့လာတဲ့ အနံ့ကြောင့် အန်ချင်စိတ်ကဖြစ်လာသည်။သူ့ရဲ့အမုန်းဆုံးရန်သူတော်ကြီး။

စားနေရာမှ ချက်ချင်း ဘေစင်ဘက်သို့ပြေးသွားကာ အန်လိုက်သည်။အနံက ဆိုးရွားလွန်းသည်။
ချန်းယောလ်ကစားနေရာမှ ပြေးထွက်သွားတဲ့ ဘတ်ဟျွန်းနောက်ကို လိုက်လာတယ်။ဘေစင်မှာ ကုန်းအန်နေတဲ့ ဘတ်ဟျွန်းကြောင့် ဆရာဝန်ကို အမြန်ခေါ်ဖို့ အချက်ပြလိုက်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now