ZAW
နောက်တစ်နေ့မနက်ခင်းမှာပဲ
ဘတ်ဟျွန်းက ထွက်သွားခဲ့တယ်။
ညကရွာထားတဲ့ မိုးတွေဟာလည်း တိတ်စဲသွားခဲ့ပြီ။
ကျခဲ့တဲ့ မျက်ရည်တွေဟာ အိပ်ယာပေါ်မှာ ခြောက်သွေ့သွားခဲ့ပြီ။မနက်မှာတော့ သူထွက်သွားခဲ့တယ်...မုန်းတယ်။ချစ်တယ်။
ချန်းယောလ်က သူ့ကို ခံစားချက်၂မျိုးလုံး ပေးစွမ်းနိုင်ခဲ့တယ်။
မိုးတွေဟာ နံနက်၎နာရီမှာ တိတ်သွားခဲ့တယ်။
မှိန်ပြပြ မီးအိမ်လေးကလည်း အလင်းမပေးစွမ်းတော့ပဲ ပိတ်သွားခဲ့ပြီ။သူ့ခန္ဓာကိုယ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေကို
ဆေးကြောသန့်စင်ပြီး အိပ်စက်နေသေးတဲ့ ချန်းယောလ်
ကိုပဲ တစ်ချက်ကြည့်ခဲ့တယ်။ထပ်မတွေ့ကြရအောင်...။
ငါမင်းကို မုန်းခဲ့ပြီးပြီ။ဒုတိယအကြိမ်လည်းကျရှုံးမိပြီး
ချစ်ခဲ့မိပြန်ပြီ။ဒီ့အတွက် ငါထွက်သွားတာက ငါတို့၂ယောက်
အတွက် အဆင်ပြေမှာပါ။အဲ့နေ့က ဘတ်ဟျွန်း ကမ္ဘာကြီးပြိုတယ်။
မိုးအငွေ့အသက် နဲ့ မိုးရေတွေ ဖြန့်ခင်းတဲ့ လမ်းမထက်မှာ
အနည်းငယ်ပူနေတဲ့ ဗိုက်ကလေးနဲ့ အထုတ်တစ်ထုတ်ဆွဲလို့
လမ်းလျှောက်နေတဲ့ ကောင်ငယ်လေးဟာ တိတ်တဆိတ်
မျက်ရည်ကျတယ်။အလင်းစ အနည်းငယ်သာ အစပြုလို့ မှောင်ရီရီ လမ်းမထက်မှာ မျက်ရည်စက်တွေက အထီးကျန်နေခဲ့တယ်။
သူရွေးခဲ့တဲ့လမ်းမို့ သူကျေနပ်ခဲ့တယ်။
ကလေးလေးက ထိုလူ့ရဲ့ရင်သွေးအဖြစ်နဲ့ သူ့အနားရှိနေအုန်းမည်။တစ်ယောက်သော သူကတော့ ၀န်ထုပ်ဝန်ပိုးမရှိတော့တဲ့အခါ သူလွတ်လပ်နိုင်ပါပြီ။
သူချစ်တဲ့ သူမနဲ့လည်း ပြန်လည်အဆင်ပြေနိုင်ခဲ့ပြီလေ။
နာကျင်ပေမယ့် အနည်းငယ်တော့ ချစ်ရသူအတွက်
ဝမ်းသာပေးပါတယ်။သူချစ်ရတဲ့သူနှင့် သူပျော်ရွှင်ရတော့မည်။ပထမတစ်ကြိမ်မှာ ငါက မာနတရားတွေနဲ့ မင်းဆီက ထွက်သွားခဲ့တယ်။ဒီတစ်ကြိမ်တော့ မင်းပျော်ပါစေဆိုတဲ့ စိတ်နဲ့ပေါ့။
YOU ARE READING
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️