_37

1.4K 155 5
                                    

ZAW

"မောင်~"

ဘတ်ဟျွန်းက အေးဆေးစာဖတ်နေသော ချန်းယောလ်အား ခပ်တိုးတိုးခေါ်လိုက်တယ်။နဂို စာထဲကိုစိတ်ရောက်နေသော ချန်းယောလ်ဟာ ဘတ်ဟျွန်း၏ခေါ်သံကြောင့် စာအုပ်မှအာရုံလွှဲကာ ဘတ်ဟျွန်းဆီအာရုံစိုက်လာလေသည်။

"အင်းပြောလေ အသည်းငယ်"

"ငါ..."

"ဘာဖြစ်လို့လဲ အသည်း"

"ငါ...မင်းကိုချစ်တယ်"

ချန်းယောလ်က သေချာနားထောင်နေရာမှ ထိုစကားလေးကြောင့် ပါးချိုင့်တွေပေါ်အောင်ပြုံးတယ်။ဘတ်ဟျွန်းက ချန်းယောလ်ကိုယ်ပေါ်ကို ဖက်တွယ်လာပြီး ချန်းယောလ်၏ရင်ဘက်မှာ မျက်နှာလေးအပ်လို့ထားတယ်။

"မောင့်ကို အသည်းယားအောင် လုပ်နေတာလား"

"ဟင့်အင်း"

ဘတ်ဟျွန်းက ချန်းယောလ်ရင်ဘက်ကို နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွလေးနမ်းရင်း ခေါင်းကိုခါပြတယ်။ဘတ်ဟျွန်းက ထိုင်နေသော ချန်းယောလ်ပေါ် ခွတက်လာပြီး သူ၏ခြေထောက်တွေကို ချန်းယောလ်၏ခါးတွင် ချိတ်တွယ်ထားသည်။

ချန်းယောလ်က ဘတ်ဟျွန်းခါးလေးအား ထိန်းကိုင်ထားပြီး
အညိုရောင်ခေါင်းလုံးလုံးလေးကို ငုံ့နမ်းလေးတယ်။

"ငါ...ငါတို့လုပ်ကြမလား"

ဖယ်တွယ်ထားရင်း ဘတ်ဟျွန်းဆီက ခပ်တိုးတိုးမေးသံကြောင့် ချန်းယောလ်ကျောက်ရုပ်စဖွယ်ဖြစ်သွားခဲ့တယ်။
ဘတ်ဟျွန်းက ပြန်ဖြေမလာတဲ့ ချန်းယောလ်ကြောင့် နှုတ်ခမ်းလေးပိစိဆူသွားတယ်။

ကိုယ်ပေါ်တွင် လှုပ်ပဲ့လှူပ်ပဲ လုပ်နေသော ဘတ်ဟျွန်းကို ချန်းယောလ်က စိတ်တင်းထားရတယ်။
ရိရှင်းရဲ့ ဒီအတောအတွင်းမလုပ်ကြနဲ့အုန်း ဆိုသည့်စကားကြောင့် သူတောင့်ခံထားရတယ်။

"ဘာလဲ မလုပ်ချင်ဘူးလား ဟင့် ဟင့်"

ဘတ်ဟျွန်းက ချန်းယောလ် အကျီကော်လံစကို ဆွဲဆုတ်ကိုင်ရင်း ချန်းယောလ်ပေါ် ခုန်ဆွခုန်ဆွလုပ်ကာ ငြီဆူဆူလေးပြောလေတယ်။

ချန်းယောလ်က မပြောင်းလဲသော ရုပ်တည်ကြီးနှင့်ပဲ ထိုင်နေသော ဘတ်ဟျွန်းတို့စိတ်ကောက်ချင်လာပြီ။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now