_19

1.6K 243 25
                                    

ZAW

သူပွဲကပြန်လာတော့ အိပ်ယာပေါ် ချက်ချင်းခေါင်းချလိုက်တာနဲ့တင် အိပ်ပျော်သွားသည်။ကလေးသေနတ်လေးကိုတောင် သူအံဆွဲထဲ ပြန်ထည့်ခဲ့လိုက်သေးတယ်။

သူမနက်ခင်းနိုးလာတော့ အိမ်တော်ကြီးက သာသာယာယာပဲ။ဒီနေ့နံနက်ရဲ့ ကျက်သရေအရှိဆုံးအရာလေးကတော့ သတင်းစာနှင့် တီဗွီ သတင်းခေါင်းကြီးပိုင်းမှာ ဂျန်းဟီ ကုမ္ပဏီရဲ့ငွေမဲစာရင်းတွေ ဂျန်းဟီရဲ့ CEO ဂျန်ဝွန်းရဲ့ s*x videoတွေအကြောင်း ဂျန်ဝွန်းရဲ့ညီ ဂျင်အန်းရဲ့ ဆေးအရောင်းအ၀ယ်ကိစ္စတွေက နေရာယူထားတယ်။
ဒါ့အပြင် ဂျန်ဝွန်းနှင့် ဂျင်အန်း၏ ရုပ်တရပ်သေဆုံးမှုကပါ နေရာယူလေသည်။ချန်းဘင်ကပါ အပါအ၀င်ပေ။

ဘတ်ဟျွန်းက တီဗီမှာလာနေတဲ့ သတင်းတွေကို ချောကလက်ကိတ်ကလေးစားရင်း ဇိမ်ပြေနပြေထိုင်ကြည့်နေတယ်။
သူ့အတွက် အသာယာဆုံးပဲ။

ကြက်ခြေခတ်ပုံစံမှင်နီတားခံလိုက်ရတဲ့ ဓာတ်ပုံလေး၃ပုံက တစ်စတစ်စလောင်ကျွမ်းရင်းပြာအဖြစ်ပြောင်းလဲသွားတယ်။ထို့အတူ နံပါတ်စဉ်၃ခုကလည်း အမှန်ခြစ်ခံလိုက်ရပြီ။

ကျန်ရှိနေသေးတာကတော့ ၅ယောက်ပဲကျန်တော့တယ်
သူသိပ်တော့ အချိန်မကုန်တော့ပါဘူး။ပြီးရင်တော့ သူ့ကလေးလေးနဲ့ ပျော်ပျော်ကြီးနေသွားမယ်။

"သခင်လေး ထမင်းစားလို့ရပါပြီ"

အလုပ်သမားကောင်မလေးပြောလာတဲ့စကားကြောင့်
ဘတ်ဟျွန်း ထိုင်နေရာဆိုဖာကနေထလိုက်ပြီး ထမင်းစားခန်းထဲကို ၀င်လာလိုက်သည်။မျိုးစုံသော ဟင်းပွဲများတည်ခင်းရာ
စားပွဲထောင့်လေးမှာ ထိုင်လိုက်ပြီး ဆာလောင်မှုကို ဖြည့်စွက်ပေးလိုက်သည်။

သူကိတ်မုန့်တွေစားထားတာတောင် ဗိုက်ကအရမ်းဆာနေခဲ့တယ်။ဒါကြောင့် သူထမင်း၂ပန်းကန်လောက် ကုန်သွားတယ်
နဂိုက ခပ်ပိန်ပိန်နဲ့မေးရိုးကျကျမျက်နှာလေးက အခုမှ ပတ်ချန်းယောလ်ကောင်းမှုကြောင့် ပါးတွေကလည်းဖောင်းလို့ ၀ိတ်တောင်အနည်းငယ်တက်လာသည်။

ထမင်းစားပြီးသွားတော့ ဗိုက်အင့်နေတာကြောင့် အစာကြေအောင် ခြံထဲဆင်း လမ်းထွက်လျှောက်လိုက်သည်။
အရင်တစ်ခေါက်ကသွားခဲ့တဲ့နေရာလေးကိုပဲ သူထပ်ခါသွားပြီး အပန်းဖြေဖို့ စိတ်ကူးလိုက်တယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now