_32

1.7K 192 12
                                    

ZAW

"ပတ်ချန်းယောလ် မင်းကိုငါအသေသတ်တော့မှာနော်"

ကျန်းရိရှင်းက အရှေ့ကမသုန်မှုန်မျက်နှာထားနဲ့ရပ်နေတဲ့
ချန်းယောလ်ကို အော်ပြောရင်း မာန်မဲလိုက်တယ်။
ဒါကိုလည်းမှတ်ပုံမပေါ်သည့် ချန်းယောလ်က ကုတင်ပေါ်က
လဲလှောင်းနေသော သူ့ယောကျာ်းကိုသာ စိုက်ကြည့်နေတာကြောင့် ကျန်းရိရှင်းတို့ ဒေါသတို့ တစ်စိတ်စိတ်ထွက်ရပါပြီ။

"ဟေ့ကောင် ငါပြောတာကြားလား"

"အင်း"

"အင်း လုပ်မနေနဲ့ မင်းလုပ်တုန်းကလုပ်ပြီး...ကျစ်"

ရိရှင်းစကားတောင် ထပ်မထွက်နိုင်ရှာ။သူဖြစ်နိုင်ရင် ကုတင်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုကိုယ်သက်သေချင်မိပါတယ်။
တစ်ကယ်တည်း။

၆လကျော်ကိုယ်ဝန်ဆောင်သည်ကို မညှာမတာ ဟိုဟွာ လုပ်တယ်။အခုတော့ကြည့် ဖျားပြီးသတိလစ်သွားတယ်။ဒါကို ရှေ့ကကောင်က ထပ်ပြီးတော့ စားချင်နေသေးတဲ့ အကြည့်တွေနဲ့ ကြည့်နေသေးတယ်။

"ပြန်တော့"

"ဘာ!!"

"သွား"

"အေးနောက်ခါ ခေါ်ရဲခေါ်ကြည့် ချိုင်းနားကနေမင်းကို ဖိနပ်နဲ့ကောက်ထုပြမယ်။"

ပတ်ချန်းယောလ်ကအရေးမစိုက်တော့ပါ။ကောင်းကောင်းကြီးပြောလို့ဝမှ ရိရှင်း ဆေးအိတ်ကိုဆွဲလို့ မျက်နှာငယ်လေးဖြင့် ထွက်လာခဲ့တယ်။

ချန်းယောလ်က ရိရှင်းထွက်သွားပြီးတာနဲ့ အခန်းတံခါးကို လော့ချလိုက်တယ်။ကုတင်ပေါ်မှာ လဲလျောင်းနေသေးသော သူ၏ယောကျာ်းလေးနားအား ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်။

သူဝတ်ပေးထားတဲ့ အ၀တ်ထူကြီးကြီးတွေကြောင့် အ၀တ်ပုံလေးထဲမြုတ်နေသည့် ကြွက်ပေါက်စလေးနှင့်တူသည်။

စကားများသောရိရှင်းရှိနေရင် ကောင်းကောင်းငေးရမည်မဟုတ်။အပြစ်တင်သံ ဆဲဆိုသံတွေသာ ကျန်းရိရှင်းဆီက ထွက်လာမှာမို့ အမြန်နှင်လွှတ်လိုက်လေသည်။

ဖြူဖျော့စွာ အိပ်ယာထက် လဲလှောင်းနေသော ဘတ်ဟျွန်း၏ နှဖူးပြင်လေးဆီ ခပ်ဖွဖွအနမ်းလေးအား ခြွေလိုက်လေသည်။
ကိုယ်ပူငွေ့နွေးနွေးအားလည်း ခံစားရလေ၏။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now