_27

1.8K 236 19
                                    

ZAW

ဘတ်ဟျွန်းထွက်သွားပြီး ၂လ...။

အခြေအနေတွေက ပုံမှန်တိုင်း လည်ပတ်နေပေမယ့်
ချန်းယောလ်နှလုံးသားမှာ အပေါက်ကြီးဖြစ်နေတယ်။
မိုရာက ပိုပြီးလည်း ရဲတင်းလာတယ်။အရင်တုန်းက
တစ်ခါတစ်ရံသာလာတဲ့ မိုရာက အခုတော့ အိပ်ချိန်
စားချိန်အကုန်လုံး ဘေးနားကနေ လိုက်ကပ်တွယ်ရင်း
နေ နေလေတယ်။

ချန်းယောလ်က မကြိုက်ကြောင်းလည်းမပြသလို
သဘောကျသဟန်လည်း မရှိဘူး။ဒါကြောင့် မိုရာက
ပိုရဲတင်းနေတယ်။

အိမ်တော်ကို ချောင်းပေါက်မတတ်လာပြီး အိမ်တော်
အတွင်းတွင်လည်း သူမခြေရာတွေနှင့်သာ...။

"အဆင်ပြေလား"

"......"

"အင်း မင်းတာဝန်ကျေတယ်"

"......"

"အချိန်တစ်ခုပြီးမှလာခဲ့မယ်"

"......"

ကျသွားတဲ့ ဖုန်းကို စားပွဲပေါ်ပစ်တင်ရင်း ခုံကိုမှီလှန်ထိုင်ကာ
ခေါင်းကိုမော့မျက်လုံးကိုမှိတ်နေလိုက်သည်။
ထိုအချိန် အခန်းအတွင်းသို့ ဒေါက်ဖိနပ်၏
အသာစီးထားသော တစ်ဒေါက်ဒေါက်အသံကို
ကြားရလေသည်။

အခန်းအတွင်းသို့ တံခါးခေါက်ခြင်းမရှိပဲ တွန်းဖွင့်ကာ
ဝင်လာတဲ့ မိုရာကို ချန်းယောလ်က အကြည့်တစ်ချက်မည်
သည်တောင်မပေး။

မိုရာက အနီးနားထိလျှောက်သွားရင်း ဘေးနားက ခုံမှာဝင်ထိုင်လိုက်သည်။ချန်းယောလ်ကထိုအခါတောင် မျက်လုံးတွေ
ပွင့်ဟလာလေသည်။

ခြေကလိမ်ချိတ်ထိုင်နေတဲ့ မိုရာကို တစ်ချက်ကြည့်ရင်း မျက်မှောင်တို့က အနည်းငယ်တွန့်ချိုးသွားပေမယ့် ပြီးမှ ဘာမှမဟုတ်သလို သဘောထား၍ မျက်လုံးကိုပြန်မှိတ်လိုက်လေသည်။

"ချန်း...မိုတို့ အပြင်မသွားတာကြာပြီ အပြင်သွားရအောင်လေနော် ချန်း"

ချန်းယောလ်ကလှန်ထားတဲ့ ခေါင်းကိုပြန်မထပြီး မျက်လုံးတွေပြန်လည်ပွင့်ဟလာကာ မိုရာကိုစိုက်ကြည့်လာတယ်။
မိုရာကလည်း မျှော်လင့်ချက်တွေအပြည့်ဖြစ်နေတဲ့ မျက်လုံးတွေ
နှင့်စိုက်ကြည့်နေလေသည်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Where stories live. Discover now